2 နဿလိပြည်နယ်တစ်လျှောက်လုံး၊ ဧဖရိမ်နှင့် မနာရှေပြည်နယ်များ၊ အနောက်ဘက်မြေထဲ ပင်လယ်အထိ ကျယ်ပြန့်သောယုဒပြည်နယ်၊-
3 ယုဒပြည်နယ်တောင်ပိုင်း၊ ဇောရမြို့မှစွန် ပလွံပင်မြို့ဟုခေါ်တွင်သော ယေရိခေါမြို့ အထိကျယ်ပြန့်သည့်လွင်ပြင်မှစ၍ တစ် ပြည်လုံးကိုမောရှေအားပြတော်မူ၏။-
4 ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ ပြည်သည်အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ အဆက်အနွယ်တို့အား ပေးမည်ဟုငါကတိ ထားသောပြည်ဖြစ်သည်။ ယခုဤပြည်ကို သင်ကြည့်ရှုလော့။ သို့ရာတွင်ဤပြည်ကို သင်မဝင်ရ'' ဟုမိန့်တော်မူ၏။
5 သို့ဖြစ်၍ထာဝရဘုရားမိန့်တော်မူသည် အတိုင်း ကိုယ်တော်၏အစေခံမောရှေသည် မောဘပြည်တွင်အနိစ္စရောက်လေ၏။-
6 ထာဝရဘုရားသည်မောဘပြည်၊ ဗက်ပေ ဂုရမြို့တစ်ဘက်ရှိချိုင့်ဝှမ်း၌ မောရှေ၏ အလောင်းကိုသင်္ဂြိုဟ်တော်မူ၏။ သို့ရာတွင် ယနေ့တိုင်အောင်မောရှေ၏သင်္ချိုင်းနေရာ အတိအကျကိုမည်သူမျှမသိရချေ။-
7 မောရှေသည်အသက်တစ်ရာ့နှစ်ဆယ်တွင် အနိစ္စရောက်၏။ မောရှေအနိစ္စရောက်ချိန် တွင်မျက်စိမမှုန်သေး။ အင်အားလည်း မလျော့သေး။-
8 ဣသရေလအမျိုးသားတို့သည်မောဘလွင် ပြင်တွင် ရက်ပေါင်းသုံးဆယ်ပတ်လုံးမောရှေ ကွယ်လွန်သည့်အတွက်ငိုကြွေးမြည်တမ်း ကြ၏။