တ​ရား​ဟော 4:38-45-46 BCL

38 သင်​တို့​ယ​ခု​ပိုင်​ဆိုင်​သော​ပြည်​သို့​ဝင်​ရောက် သိမ်း​ပိုက်​နိုင်​စေ​ရန် သင်​တို့​ချီ​တက်​ရန်​လမ်း ကြောင်း​တွင်​ရှိ​သော​သင်​တို့​ထက်​အင်​အား ကြီး​မား​သည့်​လူ​မျိုး​များ​ကို​နှင်​ထုတ်​တော် မူ​သည်။-

39 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် မြေ​ကြီး​ပေါ်​မှာ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း၊ အ​ခြား​သော​ဘုရား​မ​ရှိ​ကြောင်း​ကို​အ​စဉ် အ​မြဲ​စွဲ​မှတ်​သ​တိ​ရ​ကြ​လော့။-

40 ယ​နေ့​သင်​တို့​အား​ငါ​ပေး​သော​ပညတ်​တော် အား​လုံး​ကို​စောင့်​ထိန်း​ကြ​လျှင် သင်​တို့​နှင့် တ​ကွ​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် ကြီး​ပွား​ချမ်း​သာ​ကြ​လိမ့်​မည်။ သင်​တို့​သည် လည်း​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင် တို့​အား​အ​မြဲ​ပိုင်​ရန်​ပေး​တော်​မူ​သော​ပြည် တွင်​ဆက်​လက်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု ဆို​လေ​၏။

41-42 ထို့​နောက်​တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​ရန်​သူ မ​ဖြစ်​ခဲ့​ဘူး​သူ​ကို​အ​မှတ်​မဲ့​သတ်​မိ​သည့် အ​ခါ ထွက်​ပြေး​ခို​လှုံ​နိုင်​သော​မြို့​သုံး​မြို့​ကို မော​ရှေ​သတ်​မှတ်​ပေး​လေ​သည်။ ထို​သူ​သည် ထို​မြို့​များ​အ​နက်​မြို့​တစ်​မြို့​သို့​ထွက်​ပြေး ၍​ခို​လှုံ​လျှင် အ​သက်​ချမ်း​သာ​ရာ​ရ​မည် ဖြစ်​သည်။-

43 ရု​ဗင်​အ​နွယ်​အ​တွက်​ကုန်း​ပြင်​သဲ​ကန္တာရ​ရှိ ဗေ​ဇာ​မြို့​ကို​လည်း​ကောင်း၊ ဂဒ်​အနွယ်​အ​တွက် ဂိလဒ်​ဒေ​သ​ရှိ​ရာမုတ်​မြို့​ကို​လည်း​ကောင်း၊ မ​နာ ရှေ​အနွယ်​အ​တွက်​ဗာ​ရှန်​ဒေ​သ​ရှိ​ဂေါ​လန် မြို့​ကို​လည်း​ကောင်း ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ် သတ်​မှတ်​ပေး​သည်။

44 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပညတ်​တော် များ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြ​ဋ္ဌာန်း​ပေး​လေ​၏။-

45-46 သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး နောက် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ဗက်​ပေ​ဂု​ရ​မြို့ တစ်​ဘက်​တွင်​ရှိ​သော​ချိုင့်​ဝှမ်း​၌​ရောက်​ရှိ​နေ ကြ​စဉ်​မော​ရှေ​သည် ပညတ်​တော်​များ​ကို​ပြ​ဋ္ဌာန်း ပေး​သည်။ ထို​အ​ရပ်​သည်​ဟေ​ရှ​ဘုန်​မြို့​တွင် စိုး​စံ​သော​အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန်​၏​ပိုင်​နက် ဖြစ်​ခဲ့​သည်။ မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး သည့်​နောက်​ထို​ဘု​ရင်​ကို​နှိမ်​နင်း​၍၊-