တ​ရား​ဟော 5:11-17 BCL

11 `` `သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် နာမ​တော်​ကို​အ​လွဲ​သုံး​စား​ပြု​သူ​အား​ဒဏ် ခတ်​တော်​မူ​မည်​ဖြစ်​သော​ကြောင့် ကိုယ်​တော်​၏ နာမ​တော်​ကို​အ​လွဲ​သုံး​စား​မ​ပြု​နှင့်။

12 `` `သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း ဥ​ပုသ်​နေ့​ကို​စောင့် ထိန်း​၍​ထို​နေ့​ကို​ငါ့​အ​တွက်​သီး​သန့်​ထား လော့။-

13 ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​လုပ်​လော့။

14 သတ္တ​မ​နေ့​သည်​ငါ​ဘု​ရား​အ​တွက်​ဆက်​ကပ် ရ​သော​အ​လုပ်​နား​ရက်​ဖြစ်​၏။ ထို​နေ့​တွင်​သင် မှ​စ​၍ သင်​၏​သား​သ​မီး၊ ကျေး​ကျွန်၊ တိ​ရစ္ဆာန် နှင့်​သင်​တို့​တိုင်း​ပြည်​တွင်​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​သည်​အ​လုပ်​မ​လုပ်​ရ။ သင်​တို့​၏ ကျေး​ကျွန်​သည်​သင်​တို့​ကဲ့​သို့​အ​နား​ယူ ရ​မည်။-

15 သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ခဲ့​ဖူး ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​မ​ဟာ​တန်​ခိုး တော်​ဖြင့်​ကယ်​တင်​ခဲ့​ကြောင်း​ကို​လည်း​ကောင်း သ​တိ​ရ​ကြ​လော့။ ထို​အ​ကြောင်း​ကြောင့်​ငါ သည်​သင်​တို့​အား​ဥ​ပုသ်​နေ့​ကို​စောင့်​ရန် မိန့်​မှာ​တော်​မူ​၏။

16 `` `သင်​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​မည့်​ပြည်​တွင် သင်​တို့​သည်​ကောင်း​စား ၍​အ​သက်​ရှည်​စေ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း မိ​ဘ​ကို​ရို​သေ​သ​မှု​ပြု​ကြ​လော့။

17 `` `သူ့​အ​သက်​ကို​မ​သတ်​နှင့်။