7 `` `ငါမှတစ်ပါးအခြားသောဘုရားကို မကိုးကွယ်နှင့်။-
8 `` `မိုးကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌ လည်းကောင်း၊ မြေအောက်ရေထဲ၌လည်းကောင်း ရှိသောအရာနှင့်ပုံသဏ္ဌာန်တူသောရုပ်တုများ ကိုကိုးကွယ်ရန်အတွက်မထုလုပ်နှင့်။-
9 ထိုရုပ်တုများကိုဦးမချ၊ ဝတ်မပြုနှင့်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၍ ပြိုင် ဘက်ကိုလုံးဝလက်ခံတော်မမူ။ ငါ့ကို မုန်းသောသူတို့အားငါဒဏ်ခတ်မည်။ ထို မျှမကသူတို့၏တတိယမျိုးဆက်၊ စတုတ္ထမျိုးဆက်တိုင်အောင်ငါဒဏ်ခတ် မည်။-
10 သို့ရာတွင်ငါ့ကိုချစ်၍ငါ၏ပညတ်တော်တို့ ကိုစောင့်ထိန်းသောသူတို့အား အမျိုးဆက် ထောင်သောင်းတိုင်အောင်ငါ၏မေတ္တာကိုပြ မည်။
11 `` `သင်၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိုအလွဲသုံးစားပြုသူအားဒဏ် ခတ်တော်မူမည်ဖြစ်သောကြောင့် ကိုယ်တော်၏ နာမတော်ကိုအလွဲသုံးစားမပြုနှင့်။
12 `` `သင်တို့၏ဘုရားသခင်ငါထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဥပုသ်နေ့ကိုစောင့် ထိန်း၍ထိုနေ့ကိုငါ့အတွက်သီးသန့်ထား လော့။-
13 ခြောက်ရက်ပတ်လုံးအလုပ်လုပ်လော့။