ထွက်​မြောက် 1:1-6 BCL

1 အီ​ဂျစ်​ပြည်​သို့​ယာ​ကုပ်​နှင့်​အ​တူ သွား​ရောက်​ကြ​သော​ယာ​ကုပ်​၏​သား​များ​မှာ၊-

2 ရု​ဗင်၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊-

3-4 ဣ​သ​ခါ၊ ဇာ​ဗု​လုန်၊ ဗင်္ယာ​မိန်၊ ဒန်၊ န​ဿ​လိ၊ ဂဒ်၊ အာ​ရှာ​တို့​ဖြစ်​ကြ​၏။ သူ​တို့​၏​မိ​သား​စု​များ​လည်း​လိုက်​ပါ​သွား​ကြ​၏။-

5 ဤ​သူ​တို့​သည်​ယာ​ကုပ်​မှ​တိုက်​ရိုက်​ဆင်း​သက်​၍ ဦး​ရေ​အား​ဖြင့်​စု​စု​ပေါင်း​ခု​နစ်​ဆယ်​ရှိ​သ​တည်း။ ယော​သပ်​သည်​အီ​ဂျစ်​ပြည်​သို့​ရောက်​နှင့်​ပြီး​ဖြစ်​၏။-

6 အ​ချိန်​တန်​သော်​ယော​သပ်​နှင့်​သူ​၏​ညီ​အစ်​ကို​များ​နှင့်​တ​ကွ သူ​တို့​၏​ခေတ်​က​ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​သည်​ကွယ်​လွန်​ကြ​ကုန်​၏။-