ထွက်​မြောက် 1:14-20-21 BCL

14 ဆောက်​လုပ်​ရေး​၌​လည်း​ကောင်း၊ လယ်​ယာ​လုပ်​ငန်း​၌​လည်း​ကောင်း မ​ညှာ​မ​တာ​ဘဲ​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​စေ​ကြ​၏။

15 အီ​ဂျစ်​ဘု​ရင်​က ရှိ​ဖ​ရ​နှင့်​ပု​အာ​နာ​မည်​ရှိ​သော​ဟေ​ဗြဲ​ဝမ်း​ဆွဲ​နှစ်​ဦး​တို့​အား၊-

16 ``ဟေ​ဗြဲ​အ​မျိုး​သမီး​တို့​ကို​သား​ဖွား​ပေး​ရ​သည့်​အ​ခါ ယောကျာ်း​က​လေး​ဖြစ်​လျှင်​သတ်​ပစ်​လော့။ မိန်း​က​လေး​ဖြစ်​လျှင်​အ​သက်​ချမ်း​သာ​ခွင့်​ပေး​လော့။'' ဟု​အ​မိန့်​ပေး​လေ​၏။-

17 သို့​ရာ​တွင်​ဝမ်း​ဆွဲ​အ​မျိုး​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သူ​များ​ဖြစ်​သော​ကြောင့် ဘု​ရင်​၏​အ​မိန့်​ကို​မ​နာ​ခံ​ဘဲ​ယောကျာ်း​က​လေး​များ​ကို​အ​သက်​ချမ်း​သာ​စေ​ကြ​၏။-

18 ထို့​ကြောင့်​ဘု​ရင်​သည်​ဝမ်း​ဆွဲ​တို့​အား​ဆင့်​ခေါ်​လျက်``သင်​တို့​သည်​ငါ​၏​အ​မိန့်​ကို​မ​နာ​ခံ​ဘဲ အ​ဘယ်​ကြောင့်​ယောကျာ်း​က​လေး​များ​ကို​အ​သက်​ချမ်း​သာ​စေ​ရ​သ​နည်း'' ဟု​မေး​လေ​၏။-

19 ထို​အ​ခါ​ဝမ်း​ဆွဲ​တို့​က``ဟေ​ဗြဲ​အ​မျိုး​သ​မီး​တို့​သည် အီ​ဂျစ်​အ​မျိုး​သ​မီး​တို့​နှင့်​မ​တူ​ပါ။ သူ​တို့​သည်​သား​ဖွား​လွယ်​ကြ​သ​ဖြင့်​ဝမ်း​ဆွဲ​မ​ရောက်​မီ က​လေး​ကို​ဖွား​နှင့်​ပြီး​ဖြစ်​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။-

20-21 ဝမ်း​ဆွဲ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သူ​များ​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့​ကို​ကျေး​ဇူး​ပြု​၍ သူ​တို့​၌​အိမ်​ထောင်​မိ​သား​စု​များ​ရှိ​စေ​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဦး​ရေ​သည်​လည်း​တိုး​ပွား​များ​ပြား​လာ​၏။-