ထွက်​မြောက် 10:20-26 BCL

20 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ကို ခေါင်း​မာ​စေ​သ​ဖြင့် သူ​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​သွား​ခွင့်​မ​ပြု​ဘဲ​နေ လေ​၏။

21 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ ဂျစ်​ပြည်​တွင်​အ​လွန်​ထူ​ထပ်​သော​အ​မှောင်​ထု ဖုံး​လွှမ်း​စေ​ရန် သင်​၏​လက်​ကို​ကောင်း​ကင်​သို့ ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။-

22 မော​ရှေ​သည်​မိ​မိ​လက်​ကို​ကောင်း​ကင်​သို့​ဆန့် သ​ဖြင့် အီ​ဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင်​သုံး ရက်​မျှ​မှောင်​အ​တိ​လွှမ်း​လေ​၏။-

23 အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​မ​မြင်​နိုင်​ကြ သ​ဖြင့် သုံး​ရက်​ပတ်​လုံး​မည်​သူ​မျှ​မိ​မိ နေ​အိမ်​မှ​မ​ထွက်​ချေ။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​အ​ရပ်​၌​မူ​ကား အ​လင်း​ရောင်​ရှိ​၏။

24 ထို​အ​ခါ​ဘု​ရင်​သည်​မော​ရှေ​ကို​ခေါ်​၍``ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ရန်​သွား​ကြ​လော့။ သင်​တို့ ၏​အ​မျိုး​သ​မီး​များ​နှင့်​က​လေး​များ​ကို​လည်း သင်​တို့​နှင့်​အ​တူ​သွား​ကြ​စေ။ သင်​တို့​၏ သိုး၊ ဆိတ်၊ နွား​များ​ကို​သာ​ထား​ခဲ့​ကြ​လော့'' ဟု ဆို​လေ​၏။

25 မော​ရှေ​က``ကျွန်ုပ်​တို့​၏​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရန်​ယဇ်​ကောင်​များ​ရှိ​ရ​ပါ​မည်။-

26 ထို့​ကြောင့်​ကျွန်ုပ်​တို့​၏​တိရစ္ဆာန်​များ​ကို တစ်​ကောင် မ​ကျန်​ယူ​ဆောင်​သွား​ရ​ပါ​မည်။ ကျွန်ုပ်​တို့​သည် တိ​ရစ္ဆာန်​များ​ကို​ရွေး​၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​ပါ​မည်။ သို့​ရာ​တွင်​ထို​အ​ရပ်​သို့​ရောက် မှ​မည်​သည့်​အ​ကောင်​ကို​ရွေး​၍ ပူ​ဇော်​ရ​မည် ကို​သိ​နိုင်​ပါ​မည်'' ဟု​လျှောက်​လေ​၏။