1-2 ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့သည်ပြန်လှည့်၍ ဗာလဇေဖုန် မြို့အနီးမိဂဒေါလမြို့နှင့်ပင်လယ်နီစပ် ကြားရှိပိဟဟိရုတ်မြို့ရှေ့တွင်စခန်းချ ရန်ပြောလော့။-
3 အီဂျစ်ဘုရင်က`ဣသရေလအမျိုးသား တို့သည် တောကန္တာရဝန်းရံလျက်ရှိသော အရပ်တွင်လှည့်လည်လျက်ရှိကြသည်' ဟု ထင်လိမ့်မည်။-
4 ငါသည်အီဂျစ်ဘုရင်ကိုခေါင်းမာစေသဖြင့် သူသည်ဣသရေလအမျိုးသားတို့ကိုလိုက် လံတိုက်ခိုက်လိမ့်မည်။ ငါသည်ဘုရင်နှင့်သူ ၏စစ်တပ်ကိုနှိမ်နင်းသဖြင့် ငါ၏ဘုန်းထင်ရှား လိမ့်မည်။ ထိုအခါအီဂျစ်အမျိုးသားတို့က ငါသည်ထာဝရဘုရားဖြစ်ကြောင်းသိမြင် လာကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းဆောင်ရွက်ကြ၏။
5 အီဂျစ်ဘုရင်သည်ဣသရေလအမျိုးသားတို့ ထွက်ပြေးကုန်ကြပြီဖြစ်ကြောင်းကြားသိရ သောအခါ သူနှင့်သူ၏မှူးမတ်တို့သည်စိတ် သဘောထားပြောင်းလဲ၍``ငါတို့သည်ငါတို့ ၏အစေခံကျွန်ဣသရေလအမျိုးသား တို့ကို လွတ်မြောက်ထွက်ပြေးသွားစေပါသည် တကား'' ဟုဆိုကြ၏။-
6 အီဂျစ်ဘုရင်သည်မိမိ၏စစ်ရထားနှင့် စစ်တပ်ကိုအသင့်ပြင်စေ၏။-