ထွက်​မြောက် 14:1-2-7 BCL

1-2 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ပြန်​လှည့်​၍ ဗာ​လ​ဇေ​ဖုန် မြို့​အ​နီး​မိ​ဂ​ဒေါ​လ​မြို့​နှင့်​ပင်​လယ်​နီ​စပ် ကြား​ရှိ​ပိ​ဟ​ဟိ​ရုတ်​မြို့​ရှေ့​တွင်​စ​ခန်း​ချ ရန်​ပြော​လော့။-

3 အီ​ဂျစ်​ဘု​ရင်​က`ဣသ​ရေ​လ​အ​မျိုး​သား တို့​သည် တော​ကန္တာ​ရ​ဝန်း​ရံ​လျက်​ရှိ​သော အ​ရပ်​တွင်​လှည့်​လည်​လျက်​ရှိ​ကြ​သည်' ဟု ထင်​လိမ့်​မည်။-

4 ငါ​သည်​အီ​ဂျစ်​ဘု​ရင်​ကို​ခေါင်း​မာ​စေ​သ​ဖြင့် သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​လိုက် လံ​တိုက်​ခိုက်​လိမ့်​မည်။ ငါ​သည်​ဘု​ရင်​နှင့်​သူ ၏​စစ်​တပ်​ကို​နှိမ်​နင်း​သ​ဖြင့် ငါ​၏​ဘုန်း​ထင်​ရှား လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​အ​မျိုး​သား​တို့​က ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​သိ​မြင် လာ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း​ဆောင်​ရွက်​ကြ​၏။

5 အီ​ဂျစ်​ဘု​ရင်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ပြေး​ကုန်​ကြ​ပြီ​ဖြစ်​ကြောင်း​ကြား​သိ​ရ သော​အ​ခါ သူ​နှင့်​သူ​၏​မှူး​မတ်​တို့​သည်​စိတ် သ​ဘော​ထား​ပြောင်း​လဲ​၍``ငါ​တို့​သည်​ငါ​တို့ ၏​အ​စေ​ခံ​ကျွန်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို လွတ်​မြောက်​ထွက်​ပြေး​သွား​စေ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။-

6 အီ​ဂျစ်​ဘု​ရင်​သည်​မိ​မိ​၏​စစ်​ရ​ထား​နှင့် စစ်​တပ်​ကို​အ​သင့်​ပြင်​စေ​၏။-

7 သူ​သည်​တပ်​မှူး​များ​ဦး​စီး​သော​လက်​ရွေး စင်​စစ်​ရ​ထား​ခြောက်​ရာ​အ​ပါ​အ​ဝင် စစ် ရ​ထား​အား​လုံး​ကို​စု​ရုံး​ချီ​တက်​စေ​၏။-