ထွက်​မြောက် 15:4-10 BCL

4 ``ကိုယ်​တော်​သည်​အီ​ဂျစ်​ဘု​ရင်​၏​ရ​ထား တပ်​နှင့် စစ်​တပ်​ကို​ပင်​လယ်​ထဲ​သို့​ပစ်​ချ​တော်​မူ​၏။သူ​၏​လက်​ရွေး​စင်​စစ်​ဗိုလ်​တို့​သည်​ပင်​လယ် နီ​ထဲ​၌ ရေ​နစ်​သေ​ဆုံး​ကုန်​၏။

5 ပင်​လယ်​ရေ​နက်​က​သူ​တို့​ကို​ဖုံး​အုပ်​လျက်သူ​တို့​သည်​ကျောက်​တုံး​ကဲ့​သို့၊အောက်​သို့ စုံး​စုံး​မြုပ်​ကြ​၏။

6 ``အို ထာ​ဝ​ရ​ဘု​ရား၊လက်​ယာ​လက်​တော်​၏​အ​စွမ်း​တန်​ခိုး​တော် သည် အံ့​သြ​ကြောက်​မက်​ဖွယ်​ဖြစ်​ပါ​၏။လက်​ရုံး​တော်​ဖြင့်​ရန်​သူ​ကို​ချေ​မှုန်း​တော်​မူ ပါ​၏။

7 ကိုယ်​တော်​သည်​ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ဖြင့် ရန်​သူ​များ​ကို ချေ​မှုန်း​တော်​မူ​ပါ​၏။ကိုယ်​တော်​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့ တောက်​လောင်​၍သူ​တို့​ကို​ကောက်​ရိုး​ကဲ့​သို့​လောင်​ကျွမ်း​စေ​ပါ​၏။

8 ကိုယ်​တော်​သည်​ပင်​လယ်​ရေ​ကို​မှုတ်​တော်​မူ​သ​ဖြင့်၊ရေ​သည်​ကြွ​တက်​လာ​၍​တံ​တိုင်း​ကဲ့​သို့ တည့်​မတ်​လျက်​နေ​ပါ​၏။ပင်​လယ်​အောက်​ခြေ​သည်​လည်း​ခိုင်​မာ​လျက် နေ​၏။

9 ရန်​သူ​က`ငါ​သည်​သူ​တို့​ကို​မီ​အောင် လိုက်​လံ​ဖမ်း​ဆီး​မည်။သူ​တို့​ထံ​မှ​သိမ်း​ဆည်း​ရ​မိ​သော​ဥစ္စာ​ပစ္စည်း ကို ခွဲ​ဝေ​၍​ငါ​လို​ချင်​သ​မျှ​ယူ​မည်။ငါ​၏​ဋ္ဌား​ကို​ဆွဲ​ထုတ်​၍​သူ​တို့​ကို သုတ်​သင်​ပစ်​မည်' ဟု​ဆို​၏။

10 သို့​သော်​လည်း​ကိုယ်​တော်​သည်​လေ​ကို မှုတ်​တော်​မူ​လိုက်​သ​ဖြင့်၊ပင်​လယ်​ရေ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​ကို ဖုံး​လွှမ်း​လေ​၏။သူ​တို့​သည်​လှိုင်း​တံ​ပိုး​ကြား​တွင်​ခဲ​ကဲ့​သို့ နစ်​မြုပ်​ကုန်​၏။