ထွက်​မြောက် 18:11-17 BCL

11 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​ပေါ် မာ​န​ထောင်​လွှား​ခဲ့​သော အီ​ဂျစ်​အ​မျိုး​သား​တို့​အ​ပေါ်​ပြု​မူ​ပုံ ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရား​အ​ပေါင်း တို့​ထက်​ပို​၍​ဘုန်း​တန်​ခိုး​ကြီး​တော်​မူ ကြောင်း​ယ​ခု​ငါ​သိ​ပြီ'' ဟု​ဆို​၏။-

12 ထို​နောက်​ယေ​သ​ရော​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ရန် မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ပူ ဇော်​ရာ​ယဇ်​များ​ကို​ဆောင်​ခဲ့​၏။ အာ​ရုန်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အပေါင်း တို့​သည်​ယေ​သ​ရော​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​အ​စား​အ​စာ​သုံး​ဆောင်​ရန် လာ​ကြ​၏။

13 နောက်​တစ်​နေ့​တွင်​မော​ရှေ​သည်​လူ​တို့​၏ အ​မှု​အ​ခင်း​များ​ကို နံ​နက်​ချိန်​မှ​စ​၍ မိုး​ချုပ်​သည့်​တိုင်​အောင်​စီ​ရင်​ရ​သည်။-

14 လူ​တို့​အ​တွက်​မော​ရှေ​ဆောင်​ရွက်​ရ​သ​မျှ​ကို ယေ​သ​ရော​မြင်​ရ​သော​အ​ခါ​မော​ရှေ​အား``သင် သည်​ဤ​လူ​တို့​အ​တွက်​မည်​သည့်​အ​မှု​ကိစ္စ​ကို ဆောင်​ရွက်​ပေး​နေ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် တစ်​ယောက်​တည်း​ဆောင်​ရွက်​နေ​ပါ​သ​နည်း။ လူ အ​ပေါင်း​တို့​သည်​သင့်​ထံ​၌​တစ်​နေ​ကုန်​ရပ် လျက်​စောင့်​နေ​ကြ​ပါ​သည်​တ​ကား'' ဟု​ဆို လေ​၏။

15 မော​ရှေ​က``သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ကို​သိ​လို​၍ ကျွန်ုပ်​ထံ​သို့​လာ ကြ​ပါ​၏။-

16 လူ​နှစ်​ဦး​၌​အ​ငြင်း​အ​ခုံ​ဖြစ်​ပွား​လျှင် ကျွန်ုပ် ၏​အ​ဆုံး​အ​ဖြတ်​ကို​ခံ​ယူ​ရန်​ကျွန်ုပ်​ထံ​သို့ လာ​ကြ​ပါ​သည်။ ကျွန်ုပ်​သည်​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​အ​မိန့်​နှင့်​ပ​ညတ်​တော်​များ​ကို​လိုက် နာ​ရန် ပြော​ပြ​ရ​ပါ​သည်'' ဟု​ဖြေ​ကြား​လေ ၏။

17 ထို​အ​ခါ​ယေ​သ​ရော​က​မော​ရှေ​အား``သင် ပြု​လုပ်​နေ​ပုံ​မှာ​မ​တော်​မ​သင့်​ပါ။-