ထွက်​မြောက် 19:9-15 BCL

9 ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင်​နှင့်​ငါ ပြော​သော​စ​ကား​ကို​လူ​တို့​သည်​ကြား​၍၊ သင့် ကို​ယ​ခု​မှ​စ​၍​ယုံ​ကြည်​လာ​ကြ​စေ​ရန် ငါ သည်​ထူ​ထပ်​သော​မိုး​တိမ်​တိုက်​ဖြင့်​သင့်​ထံ ကြွ​လာ​မည်'' ဟု​မိန့်​တော်​မူ​၏။မော​ရှေ​သည်​လူ​တို့​ဖြေ​ကြား​ချက်​ကို ထာ​ဝ​ရ ဘု​ရား​ထံ​လျှောက်​ထား​လေ​၏။-

10 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``လူ​အ​ပေါင်း တို့​အား ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ် ရန်​ပြင်​ဆင်​သည့်​အ​နေ​ဖြင့် ယ​နေ့​နှင့်​နက်​ဖြန် နေ့​တွင်​မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ​ရန်​ပြော လော့။ သူ​တို့​သည်​မိ​မိ​တို့​အ​ဝတ်​များ​ကို ဖွပ်​လျှော်​၍၊-

11 တ​တိ​ယ​နေ့​တွင်​ဝတ်​ပြု​ကိုး​ကွယ်​ရန် အ​သင့် ရှိ​စေ​ရ​မည်။ ထို​နေ့​၌​လူ​အ​ပေါင်း​တို့​ရှေ့​တွင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ် သို့​ကြွ​ဆင်း​တော်​မူ​မည်။-

12 သင်​သည်​တောင်​၏​ပတ်​လည်​တွင်​လူ​တို့​ကို မ​ကျော်​ဖြတ်​စေ​ရန်​စည်း​သတ်​မှတ်​၍၊ သူ​တို့ အား​တောင်​ပေါ်​သို့​မ​တက်​ရန်​နှင့်​တောင်​အ​နီး သို့​မ​ချဉ်း​ကပ်​ရန်​ပ​ညတ်​လော့။ တောင်​ကို နင်း​မိ​သော​သူ​အား​သေ​ဒဏ်​ခံ​စေ​ရ​မည်။-

13 ထို​သူ​ကို​မည်​သူ​မျှ​လက်​နှင့်​မ​ထိ​ရ​ဘဲ ကျောက်​ခဲ​နှင့်​ဖြစ်​စေ၊ မြား​နှင့်​ဖြစ်​စေ​ပစ်​၍ သတ်​ရ​မည်။ အ​ဆို​ပါ​ပ​ညတ်​ချက်​ကို​ကူး လွန်​ခဲ့​လျှင်​လူ​သော်​လည်း​ကောင်း၊ တိ​ရစ္ဆာန် သော်​လည်း​ကောင်း​သေ​ဒဏ်​ခံ​ရ​မည်။ တံ​ပိုး မှုတ်​သံ​ကို​ကြား​ရ​သော​အ​ခါ​လူ​တို့​သည် တောင်​သို့​လာ​ရ​ကြ​မည်'' ဟု​မိန့်​တော်​မူ ၏။

14 ထို​နောက်​မော​ရှေ​သည်​တောင်​ပေါ်​မှ​ဆင်း​လာ ၍ လူ​တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ပြင်​ဆင် စေ​၏။ ထို​ကြောင့်​သူ​တို့​သည်​အ​ဝတ်​များ ကို​ဖွပ်​လျှော်​ကြ​၏။-

15 မော​ရှေ​က​သူ​တို့​အား``တ​တိ​ယ​နေ့​တွင် အ​သင့်​ရှိ​စေ​ကြ​လော့။ ဤ​အ​တော​အ​တွင်း မ​ယား​နှင့်​မ​ဆက်​ဆံ​ကြ​နှင့်'' ဟု​ပြော ကြား​လေ​၏။