17 ``မိဘကိုကျိန်ဆဲသောသူအားသေဒဏ်ခံ စေရမည်။
18 ``လူအချင်းချင်းခိုက်ရန်ဖြစ်ပွားရာ၌တစ် ယောက်သောသူက အခြားတစ်ယောက်အား ကျောက်ခဲနှင့်ဖြစ်စေ၊ လက်သီးနှင့်ဖြစ်စေ ဒဏ်ရာရစေသော်လည်း အသက်မသေဘဲ၊ အကယ်၍အရိုက်ခံရသူသည်အိပ်ရာထဲ ၌နေရလျှင်သော်လည်းကောင်း၊-
19 ထ၍တောင်ဝှေးဖြင့်လမ်းလျှောက်နိုင်လျှင် သော်လည်းကောင်း၊ ထိုသူကိုအပြစ်ဒဏ် မစီရင်ရ၊ ထိုသူအလုပ်ပျက်သည့်အချိန် အတွက် ဒဏ်ရာရစေသူကလျော်ကြေးကို ပေး၍၊ အနာပျောက်ကင်းသည့်အချိန်အထိ ဒဏ်ရာရသူအားတာဝန်ယူစောင့်ရှောက် ရမည်။
20 ``တစ်စုံတစ်ယောက်သောသူသည် ကျွန်ယောကျာ်း ကိုဖြစ်စေ၊ ကျွန်မိန်းမကိုဖြစ်စေတုတ်နှင့် ရိုက်သဖြင့်၊ ထိုကျွန်သေလျှင်ထိုသူသည် အပြစ်ဒဏ်ကိုခံစေရမည်။-
21 သို့ရာတွင်ထိုကျွန်သည်တစ်ရက်နှစ်ရက်မျှ နာလျက်မသေလျှင်၊ ထိုသူကိုအပြစ်ဒဏ် မစီရင်ရ။ အဘယ်ကြောင့်ဆိုသော်ကျွန်ဟူ သည်မှာသခင်ပိုင်ပစ္စည်းမျှသာဖြစ်သော ကြောင့်တည်း။
22 ``လူတို့အချင်းချင်းခိုက်ရန်ဖြစ်ပွားနေစဉ် ကိုယ်ဝန်ဆောင်မိန်းမကိုထိခိုက်မိသဖြင့် ကိုယ် ဝန်ပျက်သော်လည်းဒဏ်ရာမရစေလျှင်၊ ထိ ခိုက်နာကျင်စေသောသူကထိုမိန်းမ၏လင် ယောကျာ်းတောင်းဆိုသမျှလျော်ကြေးကို တရားသူကြီးများ၏သဘောတူညီချက် ဖြင့်ပေးရမည်။-
23 သို့ရာတွင်မိန်းမအားအနာတရဖြစ်စေလျှင် အသက်အစားအသက်၊-