ထွက်​မြောက် 22:11-17 BCL

11 အပ်​နှံ​ခြင်း​ခံ​ရ​သူ​သည်​မိ​မိ​မ​ခိုး​ကြောင်း ဘု​ရား​သ​ခင်​ရှေ့​တော်​တွင်​ကျိန်​ဆို​ရ​မည်။ ကျိန်​ဆို​သည့်​အ​တိုင်း​ပိုင်​ရှင်​လက်​ခံ​ရ​မည်။ အပ်​နှံ​ခြင်း​ခံ​ရ​သူ​သည်​မ​ခိုး​ခဲ့​လျှင် ပြန်​လျော်​ရန်​မ​လို။-

12 အ​ကယ်​၍​ခိုး​ခဲ့​သော်​ပြန်​လျော်​ရ​မည်။

13 သား​ရဲ​ကိုက်​သတ်​ခံ​ရ​သည်​ဟု​ဆို​လျှင်​အ​သေ ကောင်​ကို​သက်​သေ​အ​ဖြစ်​ပြ​နိုင်​ရ​မည်။ သား ရဲ​ကိုက်​သတ်​သည်​မှန်​လျှင်​မ​လျော်​စေ​ရ။

14 ``လူ​တစ်​ဦး​သည်​အ​ခြား​တစ်​ဦး​ထံ​မှ တိ​ရစ္ဆာန်​တစ်​ကောင်​ကို​ငှား​၍၊ ပိုင်​ရှင်​၏​မျက် ကွယ်​တွင် ထို​တိ​ရစ္ဆာန်​သည်​ထိ​ခိုက်​ဒဏ်​ရာ​ရ လျှင်​ဖြစ်​စေ၊ သေ​လျှင်​ဖြစ်​စေ​ငှား​သူ​က လျော်​ရ​မည်။-

15 သို့​ရာ​တွင်​ပိုင်​ရှင်​ရှေ့​၌​ဒဏ်​ရာ​ရ​သေ​ဆုံး​ခဲ့ သော်​ငှား​သူ​က​မ​လျော်​ရ။ အ​ကယ်​၍​တိ​ရစ္ဆာန် ကို​အ​ခ​နှင့်​ငှား​လျှင်၊ ဒဏ်​ရာ​ရ​သေ​ဆုံး​မှု အ​တွက်​ပိုင်​ရှင်​အား​လျော်​ရန်​မ​လို။ ငှား​ခ ကို​သာ​ပေး​စေ​ရ​မည်။

16 ``လူ​တစ်​ဦး​သည်​စေ့​စပ်​ကြောင်း​လမ်း​၍​မ​ထား သော​မိန်း​မ​ပျို​တစ်​ယောက်​ကို​သွေး​ဆောင်​ပေါင်း သင်း​ခဲ့​လျှင်၊ သူ​သည်​မင်္ဂ​လာ​လက်​ဖွဲ့​ကြေး​ပေး ၍​ထို​မိန်း​မ​ကို​လက်​ထပ်​ယူ​ရ​မည်။-

17 အ​ကယ်​၍​မိန်း​မ​ပျို​၏​ဖ​ခင်​က​ထို​သူ​နှင့် သ​ဘော​မ​တူ​လျှင်၊ သူ​သည်​မိန်း​မ​ပျို​တစ်​ဦး အ​တွက်​တင်​တောင်း​ရ​သော​မင်္ဂလာ​လက်​ဖွဲ့​ကြေး ကို​ဖ​ခင်​အား​ပေး​လျော်​ရ​မည်။