ထွက်​မြောက် 22:7-13 BCL

7 လူ​တစ်​ဦး​က​အ​ခြား​လူ​တစ်​ဦး​ထံ​၌၊ ငွေ သို့​မ​ဟုတ်​အ​ဖိုး​တန်​ပစ္စည်း​များ​ကို​အပ်​နှံ ထား​သော​အ​ခါ၊ ထို​ပစ္စည်း​များ​ခိုး​ယူ​ခြင်း ခံ​ရ​သော်​ခိုး​သူ​ကို​မိ​လျှင် ခိုး​သူ​က​နှစ်​ဆ ပြန်​လျော်​စေ​ရ​မည်။-

8 ခိုး​သူ​ကို​မ​မိ​လျှင်​မူ​ကား၊ ပစ္စည်း​အပ်​နှံ​ခြင်း ခံ​ရ​သူ​သည် ကိုယ်​တိုင်​ပစ္စည်း​ကို​ခိုး​သည်၊ မ​ခိုး သည်​သိ​နိုင်​ရန်​သူ့​ကို​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​သို့​ခေါ်​ဆောင်​၍​ကျိန်​ဆို​စေ​ရ​မည်။

9 ``သိုး၊ နွား၊ မြည်း၊ အ​ဝတ်​အ​စ​ရှိ​သော​ပျောက် ဆုံး​သည့်​ပစ္စည်း​ကို​ပိုင်​ဆိုင်​မှု​နှင့်​ပတ်​သက်​၍ လူ​နှစ်​ဦး​အ​ငြင်း​ပွား​ခဲ့​သည်​ရှိ​သော်၊ ထို​သူ နှစ်​ဦး​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ အ​စစ်​ခံ​၍၊ တ​ရား​ရှုံး​သူ​က​နှစ်​ဆ​လျော် ရ​မည်။

10 ``လူ​တစ်​ဦး​က သိုး၊ နွား၊ မြည်း​အ​စ​ရှိ​သော တိ​ရစ္ဆာန်​တစ်​ကောင်​ကို​တစ်​စုံ​တစ်​ယောက်​သော သူ​ထံ​၌​အပ်​နှံ​ထား​သော​အ​ခါ၊ ထို​တိ​ရစ္ဆာန် သေ​လျှင်​ဖြစ်​စေ၊ ထိ​ခိုက်​ဒဏ်​ရာ​ရ​လျှင်​ဖြစ် စေ၊ လု​ယူ​သွား​ခြင်း​ခံ​ရ​လျှင်​ဖြစ်​စေ သက်​သေ​မ​ရှိ​ခဲ့​သော်၊-

11 အပ်​နှံ​ခြင်း​ခံ​ရ​သူ​သည်​မိ​မိ​မ​ခိုး​ကြောင်း ဘု​ရား​သ​ခင်​ရှေ့​တော်​တွင်​ကျိန်​ဆို​ရ​မည်။ ကျိန်​ဆို​သည့်​အ​တိုင်း​ပိုင်​ရှင်​လက်​ခံ​ရ​မည်။ အပ်​နှံ​ခြင်း​ခံ​ရ​သူ​သည်​မ​ခိုး​ခဲ့​လျှင် ပြန်​လျော်​ရန်​မ​လို။-

12 အ​ကယ်​၍​ခိုး​ခဲ့​သော်​ပြန်​လျော်​ရ​မည်။

13 သား​ရဲ​ကိုက်​သတ်​ခံ​ရ​သည်​ဟု​ဆို​လျှင်​အ​သေ ကောင်​ကို​သက်​သေ​အ​ဖြစ်​ပြ​နိုင်​ရ​မည်။ သား ရဲ​ကိုက်​သတ်​သည်​မှန်​လျှင်​မ​လျော်​စေ​ရ။