ထွက်​မြောက် 23:11-17 BCL

11 သို့​ရာ​တွင်​သတ္တ​မ​နှစ်​၌​ထွန်​ယက်​စိုက်​ပျိုး​ခြင်း မ​ပြု​ဘဲ မြေ​ကို​အ​လွတ်​ထား​၍​ထို​မြေ​ပေါ် တွင်​ပေါက်​သ​မျှ​သီး​နှံ​ကို​မ​ရိတ်​သိမ်း​ရ။ ဆင်း​ရဲ သူ​တို့​အား​ထို​မြေ​မှ​ထွက်​သော​သီး​နှံ​ကို​စား စေ​၍ ကြွင်း​ကျန်​သ​မျှ​ကို​တော​တိ​ရစ္ဆာန်​များ အ​တွက်​ဖြစ်​စေ​ရ​မည်။ သင်​တို့​၏​စ​ပျစ်​ခြံ၊ သံ​လွင်​ခြံ​တို့​ကို​လည်း​ထို​နည်း​အ​တိုင်း ပြု​လုပ်​ရ​မည်။

12 ``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​ကို လုပ်​၍ သတ္တ​မ​နေ့​တွင်​နား​နေ​ရ​မည်။ ထို​သို့​ပြု လျှင် သင်​၏​ကျွန်​များ၊ သင်​ခိုင်း​စေ​သော​အ​ခြား အ​မျိုး​သား​များ​နှင့်​တိ​ရစ္ဆာန်​များ​သည် အ​လုပ် မှ​နား​ခွင့်​ရ​ကြ​လိမ့်​မည်။

13 ``သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​ကို​နား​ထောင် လော့။ အ​ခြား​သော​ဘု​ရား​တို့​ထံ​ဆု​မ​ပန်​နှင့်။ ထို​ဘု​ရား​တို့​၏​နာ​မ​ကို​မျှ​မ​မြွက်​ဆို ကြ​နှင့်။

14 ``သင်​တို့​သည်​ငါ​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ရန် ပွဲ​ကို​တစ်​နှစ်​လျှင်​သုံး​ကြိမ်​ကျင်း​ပ​ရ​မည်။-

15 တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ ငါ မိန့်​မှာ​ခဲ့​သည့်​အ​တိုင်း အီ​ဂျစ်​ပြည်​မှ​ထွက်​ခဲ့ ရ​သော​အ​ဗိ​ဗ​လ​၌​ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို​စား​ရ​ကြ​မည်။ မည်​သူ​မျှ ပူ​ဇော်​သ​ကာ​မ​ပါ​ဘဲ​နှင့် ငါ့​ထံ​သို့​ချဉ်း​ကပ် ၍​ကိုး​ကွယ်​ဝတ်​ပြု​ခြင်း​မ​ပြု​ရ။

16 ``သင်​တို့​လယ်​များ​မှ​ကောက်​ရိတ်​သိမ်း​ချိန်​သို့ ရောက်​လျှင် သင်​တို့​စိုက်​ပျိုး​ခဲ့​သော​သီး​နှံ​များ နှင့်​ကောက်​သိမ်း​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။``နှစ်​အ​ကုန်​တွင်​သင်​တို့​၏​သစ်​သီး​ခြံ​များ​မှ သစ်​သီး​များ​ကို​စု​သိမ်း​ချိန်​၌ သစ်​သီး​သိမ်း​ပွဲ တော်​ကို​ကျင်း​ပ​ရ​မည်။-

17 နှစ်​စဉ်​ဤ​ပွဲ​သုံး​ကြိမ်​ကျင်း​ပ​စဉ်​တွင်​ယောကျာ်း အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကိုး​ကွယ်​ရ​မည်။