ထွက်​မြောက် 24:1-6 BCL

1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင်​သည် အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ်​ဆယ်​တို့​ကို ခေါ်​ဆောင်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၊ တောင် ပေါ်​သို့​တက်​လာ​လော့။ သင်​တို့​သည်​ခပ်​လှမ်း လှမ်း​နေ​ရာ​မှ​ငါ့​အား​ပျပ်​ဝပ်​ကိုး​ကွယ် ကြ​လော့။-

2 သင်​တစ်​ယောက်​တည်း​သာ​ငါ့​အ​နီး​သို့​ချဉ်း​ကပ် ရ​မည်။ အ​ခြား​သော​သူ​တို့​သည်​ငါ့​အ​နီး​သို့ မ​ချဉ်း​ကပ်​စေ​ရ။ လူ​ထု​မူ​ကား​တောင်​ပေါ်​သို့ မ​တက်​ရ'' ဟု​မိန့်​တော်​မူ​၏။

3 မော​ရှေ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ ပြန်​လာ​၍၊ ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​သ​မျှ​နှင့် စီ​ရင်​တော်​မူ​ချက်​အ​လုံး​စုံ​တို့​ကို​ပြော​ကြား လေ​၏။ လူ​အ​ပေါင်း​တို့​က``အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း လိုက်​နာ​ဆောင်​ရွက်​ပါ​မည်'' ဟု​တ​ညီ​တ​ညွတ် တည်း​ဆို​ကြ​၏။-

4 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ပညတ်​သ​မျှ​တို့ ကို​ရေး​ထား​လေ​၏။ နောက်​တစ်​နေ့​နံ​နက်​စော​စော တွင်​မော​ရှေ​သည်​တောင်​ခြေ​ရင်း​၌​ယဇ်​ပလ္လင်​ကို လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​အ​တွက် ကျောက်​တိုင်​တစ်​ဆယ့်​နှစ်​တိုင်​ကို​လည်း​ကောင်း တည်​ဆောက်​လေ​၏။-

5 ထို​နောက်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​လူ ငယ်​တို့​ကို​ခိုင်း​စေ​သ​ဖြင့်၊ သူ​တို့​သည်​နွား​များ ကို​သတ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​သော ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​လေ​၏။-

6 မော​ရှေ​သည်​တိ​ရစ္ဆာန်​တို့​၏​သွေး​တစ်​ဝက်​ကို အင်​တုံ​များ​တွင်​ထည့်​၍၊ အ​ခြား​တစ်​ဝက် ကို​ယဇ်​ပလ္လင်​ပေါ်​၌​ပက်​ဖျန်း​လေ​၏။-