ထွက်​မြောက် 24:11-18 BCL

11 ဘု​ရား​သ​ခင်​သည်​ဣသ​ရေလ​အ​မျိုး​သား​ခေါင်း ဆောင်​တို့​အား​ဘေး​ဥ​ပဒ်​ရောက်​စေ​တော်​မ​မူ။ သူ​တို့​သည် ဘု​ရား​သ​ခင်​အား​ဖူး​မြင်​ပြီး နောက်​အ​တူ​တ​ကွ​စား​သောက်​ကြ​၏။

12 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​ရှိ​ရာ တောင်​ပေါ်​သို့​တက်​လာ​လော့။ လူ​တို့​ကို​သွန် သင်​ရန်​အ​တွက် ငါ​ရေး​ထား​သော​ပ​ညတ်​အား လုံး​ပါ​ရှိ​သည့်​ကျောက်​ပြား​နှစ်​ပြား​ကို​သင့် အား​ငါ​အပ်​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။-

13 ထို့​ကြောင့်​မော​ရှေ​သည်​မိ​မိ​၏​လက်​ထောက် ယော​ရှု​နှင့်​အ​တူ အ​သင့်​ပြင်​၍​တောင်​တော် ပေါ်​သို့​တက်​သွား​လေ​သည်။-

14 မော​ရှေ​က​ဣသ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင် တို့​အား``ငါ​တို့​ပြန်​ရောက်​သည့်​တိုင်​အောင်​ဤ အ​ရပ်​တွင်​စောင့်​ဆိုင်း​နေ​ကြ​လော့။ သင်​တို့​တွင် အ​ငြင်း​အ​ခုံ​တစ်​ခု​ခု​ပေါ်​ပေါက်​လျှင် အာ​ရုန် နှင့်​ဟု​ရ​တို့​ထံ​သွား​၍​အ​ဆုံး​အ​ဖြတ်​ခံ​ယူ ကြ​လော့'' ဟု​မှာ​ကြား​ခဲ့​လေ​သည်။

15 မော​ရှေ​သည်​တောင်​ပေါ်​သို့​တက်​သွား​သော​အ​ခါ မိုး​တိမ်​သည်​တောင်​ကို​ဖုံး​လွှမ်း​လေ​၏။-

16-17 ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ တော်​သည်​တောင်​ပေါ်​သို့​သက်​ဆင်း​လေ​၏။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​တောက်​ပ​သော ဘုန်း​အ​သ​ရေ​ကို တောင်​ထိပ်​တွင်​တောက်​နေ​သော မီး​သ​ဖွယ်​မြင်​ရ​ကြ​၏။ မိုး​တိမ်​သည်​တောင်​ကို ခြောက်​ရက်​ပတ်​လုံး​ဖုံး​အုပ်​ပြီး​နောက် သတ္တ​မ​နေ့ တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​ထဲ​မှ​မော​ရှေ ကို​ခေါ်​တော်​မူ​သည်။-

18 ထို​အ​ခါ​မော​ရှေ​သည်​မိုး​တိမ်​ဖုံး​အုပ်​နေ​သော တောင်​ထိပ်​ပေါ်​သို့​တက်​သွား​လေ​သည်။ သူ​သည် တောင်​ထိပ်​ပေါ်​တွင်​အ​ရက်​လေး​ဆယ်​ပတ်​လုံး ရှိ​နေ​၏။