24 ဤထောင့်ဘောင်ခွေတို့ကိုအောက်ခြေမှအထက် အထိကွင်းဖြင့်ထိန်းချုပ်ထားရမည်။ ထောင့်နှစ် ထောင့်အတွက်ဘောင်ခွေနှစ်ခုကိုထိုနည်း အတိုင်းပြုလုပ်ရမည်။-
25 သို့ဖြစ်၍ဘောင်ခွေရှစ်ခုနှင့်တစ်ခုစီအတွက် ငွေ ဖိနပ်နှစ်ခုကျဖြင့်ငွေဖိနပ်တစ်ဆယ့်ခြောက်ခု ရှိရမည်။
26 ``တဲတော်အတွက်ကန့်လန့်ကျင် စုစုပေါင်းတစ် ဆယ့်ငါးခုကိုအကာရှသစ်သားဖြင့်ပြုလုပ် လော့။ တဲတော်တောင်ဘက်ရှိဘောင်ခွေများ အတွက်ကန့်လန့်ကျင်ငါးခု၊-
27 မြောက်ဘက်ရှိဘောင်ခွေများအတွက်ငါးခုနှင့် အနောက်ဘက်ရှိဘောင်များအတွက်ငါးခုပြု လုပ်ရမည်။-
28 ဘောင်ခွေများ၏အလယ်ကိုဖြတ်သည့်ကန့်လန့် ကျင်တို့သည် တဲတော်အစွန်းတစ်ဘက်တစ်ချက် တွင်အဆုံးသတ်ရမည်။-
29 ဘောင်ခွေများကိုရွှေချရမည်။ ကန့်လန့်ကျင်များ ကိုလည်းရွှေချရမည်။ ကန့်လန့်ကျင်များကို လျှိုရန်ရွှေကွင်းများတပ်ထားရမည်။-
30 သင့်အားတောင်ပေါ်မှာပြသောပုံစံအတိုင်း တဲတော်ကိုတည်ဆောက်ရမည်။