10 ထိုကန့်လန့်ကာချိတ်ဆွဲရန်အတွက်တိုင်နှစ်ဆယ်၊ ဖိနပ်နှစ်ဆယ်တို့ကိုကြေးဝါဖြင့်ပြုလုပ်၍တိုင် ချိတ်၊ တိုင်တန်းများကိုငွေဖြင့်ပြီးစေရမည်။-
11 မြောက်ဘက်တွင်လည်းထိုနည်းအတိုင်းကန့်လန့် ကာချိတ်ဆွဲရန်စီမံလော့။-
12 တဲတော်ဝင်းအနောက်ဘက်တွင်နှစ်ဆယ့်ငါးကိုက် ရှည်သောကန့်လန့်ကာကိုချိတ်ဆွဲရန်၊ တိုင်ဆယ် တိုင်နှင့်ဖိနပ်ဆယ်ခုရှိစေရမည်။-
13 တဲတော်တံခါးဝတည်ရှိရာအရှေ့ဘက်တွင် လည်း၊ နှစ်ဆယ့်ငါးကိုက်ရှည်သောအကာအရံ ရှိစေရမည်။-
14-15 အဝင်ဝတစ်ဘက်တစ်ချက်တွင်ခုနစ်ကိုက်ခွဲ ရှည်သောကန့်လန့်ကာနှင့်တိုင်သုံးတိုင်၊ ဖိနပ် သုံးခုရှိစေရမည်။-
16 တဲတော်ဝင်းတံခါးဝအတွက်အလျားဆယ် ကိုက်ရှိ၍သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်နှင့်ချည်ချောတို့ဖြင့်ရက်သောပန်းထိုး ကန့်လန့်ကာပြုလုပ်ရမည်။ ထိုကန့်လန့်ကာကို ဖိနပ်လေးခုတွင်စွပ်ထားသောတိုင်လေးတိုင် ဖြင့်ချိတ်ဆွဲရမည်။-
17 တဲတော်ပတ်လည်ရှိတိုင်အားလုံးကိုငွေတန်းများ ဖြင့်ဆက်ထား၍၊ ချိတ်များကိုငွေဖြင့်လည်းကောင်း၊ ဖိနပ်များကိုကြေးဝါဖြင့်လည်းကောင်းပြုလုပ် ရမည်။-