ထွက်​မြောက် 27:5-11 BCL

5 ပလ္လင်​အမြင့်​ထက်​ဝက်​နေ​ရာ​၌​ဆန်​ခါ​ကို​တပ် ဆင်​ရ​မည်။-

6 ပလ္လင်​ကို​ထမ်း​ရန်​အ​ကာ​ရှ​သစ်​သား​ဖြင့်​ထမ်း ပိုး​များ​ပြု​လုပ်​၍၊ ထို​ထမ်း​ပိုး​များ​ကို​ကြေး ဝါ​ပြား​ဖြင့်​ဖုံး​ထား​ရ​မည်။-

7 ယဇ်​ပလ္လင်​ကို​သယ်​ဆောင်​ရန်​ထမ်း​ပိုး​များ​ကို တစ်​ဘက်​တစ်​ချက်​ရှိ​ကွင်း​များ​တွင်​လျှို​ထား ရ​မည်။-

8 တောင်​ပေါ်​တွင်​ငါ​ပြ​သော​ပုံ​စံ​အ​တိုင်း​ယဇ်​ပလ္လင် ကို ဟင်း​လင်း​ပေါက်​ဖြစ်​စေ​ရန်​ပျဉ်​ပြား​ဖြင့်​ပြု လုပ်​ရ​မည်။

9 ``ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ကို ပိတ်​ချော​ကန့်​လန့် ကာ​တို့​ဖြင့်​ကာ​ရံ​ထား​ရ​မည်။ တောင်​ဘက်​ကိုက် ငါး​ဆယ်​ရှည်​သော​ကန့်​လန့်​ကာ​ဖြင့်​ကာ​ရ​မည်။-

10 ထို​ကန့်​လန့်​ကာ​ချိတ်​ဆွဲ​ရန်​အ​တွက်​တိုင်​နှစ်​ဆယ်၊ ဖိ​နပ်​နှစ်​ဆယ်​တို့​ကို​ကြေး​ဝါ​ဖြင့်​ပြုလုပ်​၍​တိုင် ချိတ်၊ တိုင်​တန်း​များ​ကို​ငွေ​ဖြင့်​ပြီး​စေ​ရ​မည်။-

11 မြောက်​ဘက်​တွင်​လည်း​ထို​နည်း​အ​တိုင်း​ကန့်​လန့် ကာ​ချိတ်​ဆွဲ​ရန်​စီ​မံ​လော့။-