ထွက်​မြောက် 28:31-38 BCL

31 ``သင်​တိုင်း​ပေါ်​တွင်​ဝတ်​ရ​သော​ဝတ်​ရုံ​ကို သိုး​မွေး​အ​ပြာ​ဖြင့်​ချုပ်​လုပ်​ရ​မည်။-

32 ဦး​ခေါင်း​စွပ်​ရန်​လည်​ပေါက်​ရှိ​စေ​ရ​မည်။ ထို လည်​ပေါက်​မ​စုတ်​ပြဲ​စေ​ရန်​ပတ်​လည်​နား​ကို ရက်​ထည်​ဖြင့်​ကွပ်​ထား​ရ​မည်။-

33-34 ဝတ်​ရုံ​အောက်​နား​ပတ်​လည်​တစ်​လျှောက်​တွင် အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး သ​လဲ​သီး​လုံး​များ​နှင့်​ရွှေ​ဆည်း​လည်း​များ ကို​တစ်​လုံး​ကျော်​စီ​တပ်​ဆင်​ထား​ရ​မည်။-

35 အာ​ရုန်​သည်​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကိစ္စ​ကို ဆောင်​ရွက်​ရ​သည့်​အ​ခါ​၌ ဤ​ဝတ်​ရုံ​ကို​ဝတ် ဆင်​ရ​မည်။ သူ​သည်​သန့်​ရှင်း​ရာ​ဌာ​န​အ​တွင်း ငါ​၏​ရှေ့​တော်​သို့​ဝင်​သည့်​အ​ခါ​ဖြစ်​စေ၊ ထို နေ​ရာ​မှ​ထွက်​လာ​သည့်​အ​ခါ​၌​ဖြစ်​စေ ဆည်း​လည်း​သံ​များ​ကို​ကြား​ရ​မည်​ဖြစ် သ​ဖြင့်​သူ​သည်​သေ​ဘေး​မှ​လွတ်​လိမ့်​မည်။

36 ``ရွှေ​ပြား​တစ်​ချပ်​ကို​ပြု​လုပ်​ပြီး​လျှင် `ထာ ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သည်' ဟူ​၍ ကမ္ပည်း​ထိုး​ထား​လော့။-

37 န​ဖူး​အ​ထက်​ခေါင်း​ပေါင်း​ပေါ်​တွင်​ထို​ရွှေ ပြား​ကို​ကြိုး​ပြာ​ဖြင့်​ချည်​ထား​ရ​မည်။-

38 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဆက်​သ​ရာ​၌​မှား ယွင်း​ချွတ်​ချော်​မှု​ရှိ​သော်​လည်း၊ ထို​ပူ​ဇော် သ​ကာ​ကို​ငါ​လက်​ခံ​နိုင်​ရန်​အာ​ရုန်​သည်​ရွှေ ပြား​ကို​န​ဖူး​ပေါ်​တွင်​တပ်​ဆင်​ထား​ရ​မည်။