12-13 တစ်ဖန်ထာဝရဘုရားကမောရှေအား``ဣသ ရေလအမျိုးသားတို့အားဤသို့ဆင့်ဆို လော့။ ငါ၏ဥပုသ်နေ့ကိုစောင့်ထိန်းလော့။ ဥပုသ် နေ့သည်ငါထာဝရဘုရားက သင်တို့အား ငါ၏လူမျိုးတော်အဖြစ်ရွေးချယ်ထား ကြောင်းကို သားစဉ်မြေးဆက်သတိရစေ သောအထိမ်းအမှတ်ဖြစ်သတည်း။-
14 ဥပုသ်နေ့သည်နားရက်၊ နေ့ထူးနေ့မြတ်ဖြစ် သောကြောင့် ထိုနေ့ကိုစောင့်ထိန်းရမည်။ ဥပုသ် နေ့တွင်အလုပ်လုပ်လျက်ထိုနေ့ကိုမစောင့် ထိန်းသူအားသေဒဏ်စီရင်ရမည်။-
15 သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ်လုပ် ခွင့်ရှိသည်။ သို့ရာတွင်သတ္တမနေ့သည်ထာဝရ ဘုရားအတွက်ဆက်ကပ်ထားသောနားရက် ဖြစ်သည်။ ထိုနေ့၌အလုပ်လုပ်သောသူကို သေဒဏ်စီရင်ရမည်။-
16 ဣသရေလအမျိုးသားတို့သည်ဥပုသ်နေ့ ကို ပဋိညာဉ်၏အထိမ်းအမှတ်အဖြစ်စောင့် ထိန်းရမည်။ ငါထာဝရဘုရားသည်ခြောက် ရက်တွင်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်း ၍၊ သတ္တမနေ့၌အလုပ်မှနားတော်မူသည် ဖြစ်သောကြောင့်၊-
17 ဥပုသ်နေ့သည်ငါနှင့်ဣသရေလအမျိုး သားတို့ပြုသောပဋိညာဉ်၏ထာဝရ အထိမ်းအမှတ်ဖြစ်သတည်း'' ဟုမိန့် တော်မူ၏။
18 ဘုရားသခင်သည်သိနာတောင်ပေါ်တွင် မောရှေအားမိန့်တော်မူပြီးသောအခါ၊ ဘုရားသခင်ကိုယ်တော်တိုင်ပညတ်တော် များကိုအက္ခရာတင်သောကျောက်ပြား နှစ်ပြားကို၊ သူ့အားပေးတော်မူ၏။