10 ``သင်တို့တွင်ရှိသောအတတ်ပညာရှင် အပေါင်းတို့သည် ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်းလာ၍လုပ်ဆောင်ရကြမည်။-
11 တဲတော်နှင့်အမိုးအကာ၊ တဲတော်ချိတ်များ၊ ဘောင်ခွေများ၊ ကန့်လန့်ကျင်များ၊ တိုင်များနှင့် အောက်ခြေစွပ်များ၊-
12 ပဋိညာဉ်သေတ္တာတော်နှင့်ထမ်းပိုးတန်းများ၊ သေတ္တာတော်အဖုံး၊ သေတ္တာတော်ကိုကာရံ ထားသောကန့်လန့်ကာ၊-
13 စားပွဲနှင့်ထမ်းပိုးတန်းများ၊ စားပွဲနှင့်ဆိုင် သောပစ္စည်းများ၊ ရှေ့တော်ဆက်မုန့်၊-
14 ဆီမီးခုံနှင့်ဆီမီးခုံပစ္စည်းများ၊ မီးခွက် များနှင့်မီးထွန်းရန်ဆီ၊-
15 နံ့သာပေါင်းမီးရှို့ရာပလ္လင်နှင့် ထမ်းပိုးတန်း များ၊ ဘိသိက်ဆီ၊ မွှေးကြိုင်သောနံ့သာပေါင်း၊ တဲတော်တံခါးဝကန့်လန့်ကာ၊-
16 ယဇ်ပူဇော်ရာပလ္လင်နှင့်ကြေးဝါဆန်ခါ၊ ပလ္လင် အတွက်ထမ်းပိုးတန်းနှင့်ဆိုင်ရာပစ္စည်းအားလုံး၊ အင်တုံနှင့်အောက်ခြေ၊-