14 ထိုနောက်သူတို့သည်တဲတော်အမိုးအတွက်၊ ဆိတ်မွေးဖြင့်ရက်သောအထည်တစ်ဆယ့် တစ်ထည်ကိုချုပ်ကြ၏။-
15 တစ်ဆယ့်တစ်ထည်စလုံးအလျားအနံတူ ဖြစ်၍၊ တစ်ထည်စီသည်အလျားတစ်ဆယ့် ငါးကိုက်နှင့်အနံနှစ်ကိုက်ရှိ၏။-
16 သူတို့သည်အမိုးငါးထည်ကိုတစ်စပ်ချုပ် ၏။ အခြားခြောက်ထည်ကိုနောက်တစ်စပ် ချုပ်ကြ၏။-
17 ပထမအစပ်၏နောက်ဆုံးအထည်အနား တွင်ကွင်းငါးဆယ်ကိုလည်းကောင်း၊ အခြား တစ်စပ်၏အနားတွင်ကွင်းငါးဆယ်ကို လည်းကောင်းတပ်ကြ၏။-
18 သူတို့သည်တဲတော်အမိုးအတွက်၊ ကြေးနီ ချိတ်ငါးဆယ်ကိုပြုလုပ်၍အစပ်နှစ်စပ် ကိုဆက်သဖြင့်၊ အမိုးတစ်ခုတည်းဖြစ် လာ၏။-
19 ထပ်မံ၍အမိုးနှစ်ထပ်ကိုပြုလုပ်ကြ၏။ တစ်ထည်ကိုအနီရောင်ဆိုးသောသိုးထီး သားရေဖြင့်လည်းကောင်း၊ ထိုအပေါ်တွင် ဖြန့်အုပ်ရန်အထပ်ကိုသားရေချောဖြင့် လည်းကောင်း၊ ပြုလုပ်ကြ၏။
20 သူတို့သည်တဲတော်အတွင်းဘောင်ခွေများ ကို အကာရှသစ်သားဖြင့်ပြုလုပ်ကြ၏။-