22 ဘောင်ခွေများကိုစရွေးဖြင့်ဆက်စပ်ထား၏။ တဲတော်အတွက်ဘောင်ခွေအားလုံးတွင်စ ရွေးဖော်ထားလေ၏။-
23 တဲတော်တောင်ဘက်၌ကာရန်၊ ဘောင်ခွေနှစ် ဆယ်ကိုလုပ်၍၊-
24 ဘောင်ခွေတစ်ခုစီအောက်တွင်ခြေထောက် နှစ်ခုကိုစွပ်ရန်၊ အောက်ခံငွေခြေစွပ်ခုံနှစ် ခုကျဖြင့်၊ ခြေစွပ်ခုံလေးဆယ်တပ်ဆင်၏။-
25 ထိုနည်းတူတဲတော်မြောက်ဘက်၌ကာရန်၊ ဘောင်ခွေနှစ်ဆယ်ကိုလုပ်၍၊-
26 ဘောင်ခွေတစ်ခုစီအောက်တွင်၊ ငွေအောက်ခံ ခြေစွပ်ခုံနှစ်ခုကျဖြင့်၊ ခြေစွပ်ခုံလေး ဆယ်တပ်ဆင်၏။
27 အနောက်မျက်နှာရှိတဲတော်၏ကျောဘက်ကို ကာရန်၊ ဘောင်ခွေခြောက်ခုကိုလည်းကောင်း၊-
28 အနောက်ဘက်ထောင့်တစ်ဘက်တစ်ချက်၌ကာ ရန်၊ ဘောင်ခွေနှစ်ခုကိုလည်းကောင်းလုပ်ကြ၏။-