30 သို့ဖြစ်၍ဘောင်ခွေတစ်ခုစီအောက်တွင်အောက် ခံငွေခြေစွပ်ခုံနှစ်ခုရှိသဖြင့်၊ ဘောင်ခွေရှစ်ခု နှင့်ငွေအောက်ခံခြေစွပ်ခုံတစ်ဆယ့်ခြောက်ခု ရှိလေသည်။
31 သူတို့သည်တဲတော်အတွင်းဘောင်ခွေများ အတွက် ကန့်လန့်ကျင်များကိုအကာရှသစ် သားဖြင့်ပြုလုပ်ကြ၏။ တဲတော်တောင်ဘက် အတွက်ကန့်လန့်ကျင်ငါးချောင်း၊-
32 မြောက်ဘက်အတွက်ကန့်လန့်ကျင်ငါးချောင်း နှင့် အနောက်ဘက်အတွက်ကန့်လန့်ကျင်ငါး ချောင်းကိုပြုလုပ်ကြ၏။-
33 အလယ်ကန့်လန့်ကျင်ကို တဲတော်အစွန်း တစ်ဘက်တစ်ချက်တို့တွင်အဆုံးသတ် စေ၏။-
34 ဘောင်ခွေတို့ကိုရွှေချ၍၊ ကန့်လန့်ကျင်များ ကိုထိန်းရန် ရွှေကွင်းများတပ်ဆင်ထားသည်။ ကန့်လန့်ကျင်များကိုလည်းရွှေချထား၏။
35 သူတို့သည်ကန့်လန့်ကာကိုအပြာရောင်၊ ခရမ်း ရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့ဖြင့်ရက် လုပ်၍၊ ခေရုဗိမ်ရုပ်များကိုပန်းပေါက်ဖော် ထားကြသည်။-
36 ကန့်လန့်ကာကိုထိန်းထားရန်၊ ရွှေချိတ်များ တပ်ဆင်ထားသော တိုင်လေးတိုင်ကို၊ အကာရှ သစ်သားဖြင့်ပြုလုပ်ကြ၏။ တိုင်များကိုရွှေ ချ၍၊ တိုင်များကိုစိုက်ထူရန်၊ အောက်ခံငွေ ခြေစွပ်ခုံလေးခုကိုပြုလုပ်ကြ၏။-