13 စားပွဲခြေလေးထောင့်တွင်စားပွဲကိုသယ် ယူရန်၊ ရွှေကွင်းလေးကွင်းတပ်ထား၏။-
14 ထိုကွင်းများကိုဘောင်အနီးတွင်ကပ်၍ တပ် ထား၏။-
15 ထမ်းပိုးများကိုအကာရှသစ်သားဖြင့် ပြုလုပ်၍ ရွှေချထား၏။-
16 စားပွဲနှင့်ဆိုင်သောလင်ပန်း၊ ခွက်၊ ခရား၊ စပျစ်ရည်ဆက်သရန်ဖလားတို့ကိုရွှေ ဖြင့်ပြုလုပ်၏။
17 သူသည်ဆီမီးတိုင်ကိုရွှေဖြင့်ပြုလုပ်၏။ ဆီမီး တိုင်အောက်ခံခုံနှင့်တိုင်ကို၊ ရွှေဖြင့်ပြုလုပ်၏။ ဆီ မီးတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသောအလှ ပန်းများကို၊ ဆီမီးတိုင်နှင့်တစ်သားတည်းပြု လုပ်သည်။-
18 ဆီမီးတိုင်တစ်ဘက်တစ်ချက်မှအကိုင်းသုံး ခက်စီဖြင့်၊ အကိုင်းခြောက်လက်ဖြာထွက်၏။-
19 အကိုင်းခြောက်လက်မှတစ်လက်စီတွင်ပွင့် ဖူး၊ ပွင့်ချပ်များပါရှိသောဗာဒံပွင့်နှင့်တူ သည့်အလှပန်းပွင့်သုံးပွင့်ရှိလေသည်။-