24 သူသည်ဆီမီးတိုင်နှင့်ဆီမီးတိုင်ဆိုင်ရာ ပစ္စည်းရှိသမျှတို့ကို၊ ရွှေချိန်ခုနစ်ဆယ့် ငါးပေါင်ဖြင့်ပြုလုပ်လေ၏။
25 သူသည်နံ့သာပေါင်းမီးရှို့ပူဇော်ရာပလ္လင်ကို အကာရှသစ်သားဖြင့်ပြုလုပ်၏။ ထိုပလ္လင် သည်အလျားတစ်ဆယ့်ရှစ်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်သုံးဆယ့်ခြောက် လက်မရှိ၏။ ဦးချိုပုံသဏ္ဌာန်ထောင့်ချွန် အတက်များသည်ပလ္လင်နှင့်တစ်သားတည်း ရှိ၏။-
26 ပလ္လင်တော်မျက်နှာပြင်၊ ဘေးပတ်လည်လေး ဘက်နှင့်ထောင့်ချွန်အတက်တို့ကိုရွှေချ၍၊ အပေါ်နားပတ်လည်တွင်ရွှေပြော့ကြောင်း ထိုးထား၏။-
27 ပလ္လင်တော်၏ဘေးနှစ်ဘက်အနားထောင့်တွင် ထမ်းပိုးများလျှိုရန်ရွှေကွင်းနှစ်စုံကိုတပ် ထားသည်။-
28 ထမ်းပိုးများကိုအကာရှသစ်သားဖြင့်ပြု လုပ်၍၊ ရွှေချထား၏။
29 သူသည်သန့်ရှင်းသောဘိသိက်ဆီနှင့်မွေးကြိုင်၍ စင်ကြယ်သောမီးရှို့ရာနံ့သာပေါင်းကိုဖော်စပ် လေ၏။