4 ထမ်းပိုးများကိုအကာရှသစ်သားဖြင့်ပြု လုပ်၍၊ ရွှေချထား၏။-
5 သေတ္တာတော်ကိုထမ်းရန်ထမ်းပိုးများကို သေတ္တာ တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုသွင်း ထားလေသည်။-
6 အလျားလေးဆယ့်ငါးလက်မ၊ အနံနှစ်ဆယ့် ခုနစ်လက်မရှိသောသေတ္တာဖုံးကိုရွှေဖြင့် လုပ်၏။-
7-8 သေတ္တာအဖုံးအစွန်းတစ်ဘက်စီပေါ်တွင်၊ ရွှေ စင်ဖြင့်ခေရုဗိမ်ရုပ်နှစ်ရုပ်ကိုထုလုပ်၏။ ခေ ရုဗိမ်ရုပ်များကိုလည်းသေတ္တာတော်အဖုံး နှင့်တစ်သားတည်းရှိအောင်ပြုလုပ်၏။-
9 ခေရုဗိမ်များသည်မျက်နှာချင်းဆိုင်လျက် သူတို့၏အတောင်ပံများကိုဖြန့်၍သေတ္တာ တော်အဖုံးကိုအုပ်ထား၏။
10 သူသည်အလျားသုံးဆယ့်ခြောက်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ်လက် မရှိသောစားပွဲကိုအကာရှသစ်သားဖြင့် ပြုလုပ်၏။-
11 စားပွဲကိုရွှေချ၍၊ အနားပတ်လည်တွင် ရွှေ ပြော့ကြောင်းထိုးထား၏။-