ထွက်​မြောက် 37:6-13 BCL

6 အ​လျား​လေး​ဆယ့်​ငါး​လက်​မ၊ အနံ​နှစ်​ဆယ့် ခု​နစ်​လက်​မ​ရှိ​သော​သေတ္တာ​ဖုံး​ကို​ရွှေ​ဖြင့် လုပ်​၏။-

7-8 သေတ္တာ​အ​ဖုံး​အ​စွန်း​တစ်​ဘက်​စီ​ပေါ်​တွင်၊ ရွှေ စင်​ဖြင့်​ခေ​ရု​ဗိမ်​ရုပ်​နှစ်​ရုပ်​ကို​ထု​လုပ်​၏။ ခေ ရု​ဗိမ်​ရုပ်​များ​ကို​လည်း​သေတ္တာ​တော်​အ​ဖုံး နှင့်​တစ်​သား​တည်း​ရှိ​အောင်​ပြု​လုပ်​၏။-

9 ခေ​ရု​ဗိမ်​များ​သည်​မျက်​နှာ​ချင်း​ဆိုင်​လျက် သူ​တို့​၏​အ​တောင်​ပံ​များ​ကို​ဖြန့်​၍​သေတ္တာ တော်​အ​ဖုံး​ကို​အုပ်​ထား​၏။

10 သူ​သည်​အ​လျား​သုံး​ဆယ့်​ခြောက်​လက်​မ၊ အ​နံ တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​လက် မ​ရှိ​သော​စား​ပွဲ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၏။-

11 စား​ပွဲ​ကို​ရွှေ​ချ​၍၊ အ​နား​ပတ်​လည်​တွင် ရွှေ ပြော့​ကြောင်း​ထိုး​ထား​၏။-

12 စား​ပွဲ​ပတ်​လည်​တွင်၊ လေး​လက်​မ​ဗြက်​ရှိ သော​ဘောင်​ကို​လုပ်​၍၊ အ​နား​ကို​ရွှေ​ကွပ် ထား​၏။-

13 စား​ပွဲ​ခြေ​လေး​ထောင့်​တွင်​စား​ပွဲ​ကို​သယ် ယူ​ရန်၊ ရွှေ​ကွင်း​လေး​ကွင်း​တပ်​ထား​၏။-