22 သူသည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းစားပွဲကိုထာဝရဘုရားစံတော် မူရာတဲတော်အတွင်း မြောက်ဘက်၊ ကန့်လန့် ကာအပြင်ဘက်တွင်နေရာချထား၍၊-
23 ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရားရှေ့တော်၌ဆက်သရန် မုန့်ကိုစားပွဲပေါ်၌တင်ထား၏။-
24 သူသည်ဆီမီးတိုင်ကိုထာဝရဘုရား စံတော်မူရာတဲတော်အတွင်း၊ တောင်ဘက် စားပွဲ၏တစ်ဘက်တွင်ထား၏။-
25 ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း ထာဝရဘုရားရှေ့တော်တွင်မီး ခွက်များကိုထွန်းညှိလေ၏။-
26 ရွှေပလ္လင်ကိုလည်းထာဝရဘုရားစံတော်မူ ရာတဲတော်အတွင်း၊ ကန့်လန့်ကာအရှေ့တွင် နေရာချထား၏။-
27 ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပလ္လင်ပေါ်တွင်နံ့သာပေါင်းကိုမီးရှို့လေ၏။-
28 သူသည်တဲတော်တံခါးဝတွင်ကန့်လန့်ကာ ကိုတပ်ဆင်ပြီးနောက်-