ထွက်​မြောက် 40:35-38 BCL

35 ထို​အ​ခြင်း​အ​ရာ​ကြောင့်​မော​ရှေ​သည် ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တွင်း​သို့​မ​ဝင် နိုင်​ချေ။-

36 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တဲ​တော်​မှ မိုး​တိမ်​တိုက်​အ​ထက်​သို့​တက်​ခွာ​သော​အ​ခါ မှ​သာ ရှေ့​စ​ခန်း​သို့​ခ​ရီး​ထွက်​ကြ​သည်။-

37 တဲ​တော်​ကို​မိုး​တိမ်​တိုက်​လွှမ်း​လျက်​နေ​သည့် ကာ​လ​ပတ်​လုံး သူ​တို့​သည်​ခ​ရီး​မ​ထွက် ကြ​ချေ။-

38 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လှည့်​လည်​၍ ခ​ရီး​သွား​ရာ​လမ်း​တစ်​လျှောက်​လုံး​တွင်​တဲ တော်​ပေါ်​၌​နေ့​အ​ခါ​ထာ​ဝရ​ဘု​ရား​၏​မိုး တိမ်​တိုက်​လွှမ်း​လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ည​အ​ခါ​မီး​တောက်​လျက်​ရှိ​သည်​ကို​လည်း ကောင်း​တွေ့​မြင်​ရ​ကြ​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​ထွက်​မြောက်​ရာ ကျမ်း​ပြီး​၏။