ထွက်​မြောက် 9:1-4 BCL

1 ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``ဘု​ရင်​ထံ သို့​သွား​၍ ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဤ​သို့​မိန့်​တော်​မူ ၏။ `ငါ့​အား​ဝတ်​ပြု​နိုင်​စေ​ရန်​ငါ​၏​လူ​မျိုး တော်​ကို​သွား​ခွင့်​ပြု​လော့။-

2 သင်​သည်​သွား​ခွင့်​မ​ပြု​ဘဲ​နေ​ဦး​မည်​ဆို​လျှင်၊-

3 ငါ​သည်​သင်​တို့​၏​မြင်း၊ မြည်း၊ ကု​လား​အုပ်၊ သိုး၊ နွား၊ ဆိတ်​တို့​ကို​ရော​ဂါ​ဆိုး​ဖြင့်​သေ​ကျေ ပျက်​စီး​စေ​မည်။-

4 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​တိ​ရစ္ဆာန်​နှင့် အီ​ဂျစ်​အ​မျိုး သား​တို့​၏​တိ​ရစ္ဆာန်​တို့​ကို​ခွဲ​ခြား​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပိုင်​သော​တိ​ရစ္ဆာန်​တစ်​ကောင်​မျှ မ​သေ​စေ​ရ။-