1 အို ဣသရေလပြည်သားတို့၊သင်တို့အတွက်ထာဝရဘုရားပေးတော်မူသောဗျာဒိတ် တော်ကို နားထောင်ကြလော့။
2 ကိုယ်တော်က``သင်တို့သည်လူမျိုးခြားတို့၏ ကျင့်စဉ်ကိုမလိုက်မလျှောက်ကြနှင့်။မိုးကောင်းကင်တွင်မြင်ရသည့်နိမိတ်လက္ခဏာ များ အတွက်လူမျိုးတကာတို့သည်ထိတ်လန့်ကြစေကာမူ၊သင်တို့မထိတ်မလန့် ကြနှင့်။
3 ထိုသူတို့၏ဘာသာတရားသည်အချည်းနှီး ဖြစ်၏။တော၌သစ်ပင်ခုတ်လှဲပြီးလျှင်ပန်းပုဆရာသည် ဆူးဆောက်ဖြင့်ရုပ်တုကိုထုလုပ်၍၊
4 ရွှေငွေတို့ဖြင့်တန်ဆာဆင်တတ်၏။ထိုနောက်မလဲမကျစိမ့်သောငှာယင်းကို သံမှိုစွဲ၍ထားတတ်ကြ၏။
5 ဤသို့သောရုပ်တုများသည်သခွားခင်းရှိ စာချောက်ရုပ်များနှင့်တူ၍စကားမပြော တတ်ကြ။သူတို့သည်လမ်းမလျှောက်နိုင်သဖြင့် သူတို့ကို သယ်ဆောင်ပေးရကြ၏။သူတို့သည်သင်တို့အားဘေးဥပဒ်ကိုလည်း ကောင်း၊ ကောင်းကျိုးကိုလည်းကောင်းမပေးနိုင်ကြ။သင်တို့သည်သူတို့အားမကြောက်ကြနှင့်'' ဟုမိန့်တော်မူ၏။
6 အို ထာဝရဘုရား၊ကိုယ်တော်ရှင်နှင့်တူသော ဘုရား တစ်ဆူမျှမရှိပါ။ကိုယ်တော်ရှင်သည်တန်ခိုးကြီးတော်မူပါ၏။နာမတော်သည်လည်းကြီးမြတ်၍တန်ခိုး အာနုဘော်နှင့် ပြည့်ဝပါ၏။