17 ``အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ဣသရေလပြည်နှင့်ယုဒပြည်ကိုပြုစု ပျိုးထောင်ပေးခဲ့၏။ သို့ရာတွင်ယခုအခါ ငါသည်ထိုပြည်များအပေါ်သို့ ဘေးအန္တရာယ် ဆိုးကိုသက်ရောက်စေမည်။ သူတို့သည်ဒုစ ရိုက်ကိုပြုခဲ့ကြသည်ဖြစ်၍ဗာလဘုရား ကိုယဇ်ပူဇော်ခြင်းအားဖြင့်သူတို့သည် ငါ ၏အမျက်တော်ကိုလှုံ့ဆော်ကြလေပြီ။''
18 ငါ့ကိုသတ်ဖြတ်ရန် ရန်သူတို့လျှို့ဝှက်စွာ ကြံစည်လျက်နေကြောင်း ငါ့အားထာဝရ ဘုရားဗျာဒိတ်ပေးတော်မူ၏။-
19 ငါသည်သတ်ရန်ထုတ်ဆောင်သွားသည့် သိုး ငယ်ကဲ့သို့ယုံကြည်စိတ်ချတတ်သူဖြစ်ပေ သည်။ ငါ့ကိုသူတို့မကောင်းကြံလျက်နေ ကြကြောင်းကိုငါမသိ။ သူတို့က``စိမ်းလန်း စိုပြေလျက်နေချိန်၌ သစ်ပင်ကိုခုတ်လှဲ ကြကုန်အံ့။ သူ့အားနောင်အခါအဘယ်သူ မျှသတိမရကြစေရန် သူ့ကိုငါတို့သတ် ဖြတ်ကြကုန်အံ့'' ဟုဆိုကြ၏။
20 ထိုအခါငါသည်``အို အနန္တတန်ခိုးရှင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်ဖြောင့်မှန်စွာတရား စီရင်တော်မူတတ်သောအရှင်ဖြစ်တော်မူ ပါ၏။ လူတို့၏အကြံအစည်နှင့်စိတ်နေ သဘောထားတို့ကိုလည်းစစ်ဆေးကြည့်ရှု တော်မူတတ်ပါ၏။ ကျွန်တော်မျိုးသည်မိမိ ၏အမှုကိုကိုယ်တော်ရှင်၏လက်တော်တွင် အပ်နှံထားပါပြီ။ သို့ဖြစ်၍ထိုသူတို့အား ကိုယ်တော်ရှင်လက်စားချေတော်မူသည်ကို ကျွန်တော်မျိုးမြင်ပါရစေ'' ဟုဆုတောင်း၏။
21 အာနသုတ်မြို့သားတို့အတွက်ထာဝရ ဘုရားမိန့်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ထိုမြို့သားတို့သည် ငါ့အားသတ်လိုသဖြင့် ထာဝရဘုရား၏ဗျာဒိတ်တော်ကိုဆက်လက် ဟောပြောလျှင် ငါ့ကိုသတ်မည်ဟုဆိုကြ၏။-
22 သို့ဖြစ်၍အနန္တတန်ခိုးရှင်ထာဝရဘုရား က``ငါသည်သူတို့အားအပြစ်ဒဏ်ခတ်မည်။ သူတို့၏လူငယ်လူရွယ်များသည်စစ်ပွဲတွင် ကျဆုံးကြလိမ့်မည်။ သူတို့၏ကလေးသူငယ် များသည်လည်း အစာရေစာငတ်၍သေကြ လိမ့်မည်။-
23 အာနသုတ်မြို့သားတို့ပေါ်သို့ဘေးအန္တရာယ် ဆိုးကျရောက်လာသောနေ့ကိုငါသတ်မှတ် ပြီ။ ထိုနေ့၌သူတို့တစ်ဦးတစ်ယောက်မျှ အသက်ရှင်လျက်ကျန်ရှိမည်မဟုတ်'' ဟုမိန့်တော်မူ၏။