1 ထာဝရဘုရားသည် ပိတ်ခါးဝတ်ကိုသွား ရောက်ဝယ်ယူဝတ်ဆင်ရန်ငါ့အားမိန့်တော်မူ ပြီးလျှင် ထိုခါးဝတ်ကိုရေမစွတ်စိုစေရန် လည်းမှာကြားတော်မူပါ၏။-
2 သို့ဖြစ်၍ငါသည်ထာဝရဘုရား၏အမိန့် တော်အတိုင်းပိတ်ခါးဝတ်ကိုဝယ်ယူဝတ် ဆင်၏။-
3 ထိုနောက်ထာဝရဘုရားသည်ငါ့အား တစ်ဖန်ဗျာဒိတ်ပေးတော်မူပြန်၏။-
4 ``ကိုယ်တော်ကဥဖရတ်မြစ်သို့သွားလော့။ သင် ဝတ်ဆင်ထားသည့်ခါးဝတ်ကိုချွတ်၍ကျောက် တွင်း၌ဝှက်ထားလော့'' ဟုမိန့်တော်မူ၏။-