ယေ​ရ​မိ 13:1-7 BCL

1 ထာ​ဝ​ရ​ဘု​ရား​သည် ပိတ်​ခါး​ဝတ်​ကို​သွား ရောက်​ဝယ်​ယူ​ဝတ်​ဆင်​ရန်​ငါ့​အား​မိန့်​တော်​မူ ပြီး​လျှင် ထို​ခါး​ဝတ်​ကို​ရေ​မ​စွတ်​စို​စေ​ရန် လည်း​မှာ​ကြား​တော်​မူ​ပါ​၏။-

2 သို့​ဖြစ်​၍​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​အ​တိုင်း​ပိတ်​ခါး​ဝတ်​ကို​ဝယ်​ယူ​ဝတ် ဆင်​၏။-

3 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား တစ်​ဖန်​ဗျာ​ဒိတ်​ပေး​တော်​မူ​ပြန်​၏။-

4 ``ကိုယ်​တော်​က​ဥ​ဖ​ရတ်​မြစ်​သို့​သွား​လော့။ သင် ဝတ်​ဆင်​ထား​သည့်​ခါး​ဝတ်​ကို​ချွတ်​၍​ကျောက် တွင်း​၌​ဝှက်​ထား​လော့'' ဟု​မိန့်​တော်​မူ​၏။-

5 သို့​ဖြစ်​၍​ငါ​သည်​ဥ​ဖ​ရတ်​မြစ်​အ​နီး​သို့ သွား​၍ ထို​ခါး​ဝတ်​ကို​ဝှက်​ထား​လိုက်​၏။-

6 ထို​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဥ​ဖ​ရတ်​မြစ် အ​နီး​သို့​ပြန်​သွား​ပြီး​လျှင် ခါး​ဝတ်​ကို​ထုတ် ယူ​ရန်​မိန့်​မှာ​တော်​မူ​၏။-

7 သို့​ဖြစ်​၍​ငါ​သည်​ဥ​ဖ​ရတ်​မြစ်​သို့​သွား ပြီး​လျှင် ငါ​ဝှက်​ထား​ရာ​အ​ရပ်​ကို​ရှာ​ဖွေ​ရာ ခါး​ဝတ်​ကို​တွေ့​ရှိ​ရ​သော် ယင်း​တို့​သည်​ဆွေး မြေ့​လျက်​နေ​သ​ဖြင့်​အ​သုံး​မ​ဝင်​တော့​ချေ။