3 ထိုနောက်ထာဝရဘုရားသည်ငါ့အား တစ်ဖန်ဗျာဒိတ်ပေးတော်မူပြန်၏။-
4 ``ကိုယ်တော်ကဥဖရတ်မြစ်သို့သွားလော့။ သင် ဝတ်ဆင်ထားသည့်ခါးဝတ်ကိုချွတ်၍ကျောက် တွင်း၌ဝှက်ထားလော့'' ဟုမိန့်တော်မူ၏။-
5 သို့ဖြစ်၍ငါသည်ဥဖရတ်မြစ်အနီးသို့ သွား၍ ထိုခါးဝတ်ကိုဝှက်ထားလိုက်၏။-
6 ထိုနောက်ကာလအနည်းငယ်ကြာသောအခါ ထာဝရဘုရားသည် ငါ့အားဥဖရတ်မြစ် အနီးသို့ပြန်သွားပြီးလျှင် ခါးဝတ်ကိုထုတ် ယူရန်မိန့်မှာတော်မူ၏။-
7 သို့ဖြစ်၍ငါသည်ဥဖရတ်မြစ်သို့သွား ပြီးလျှင် ငါဝှက်ထားရာအရပ်ကိုရှာဖွေရာ ခါးဝတ်ကိုတွေ့ရှိရသော် ယင်းတို့သည်ဆွေး မြေ့လျက်နေသဖြင့်အသုံးမဝင်တော့ချေ။
8 ထိုနောက်ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော်မူပြန်၏။ ကိုယ်တော်က၊-
9 ``ဤနည်းအတိုင်းပင်ငါသည်ယုဒပြည် ၏စိတ်နေမြင့်မှုနှင့်ယေရုရှလင်မြို့၏ မာန်မာနထောင်လွှားမှုကိုချိုးနှိမ်မည်။-