ယေ​ရ​မိ 13:9-15 BCL

9 ``ဤ​နည်း​အ​တိုင်း​ပင်​ငါ​သည်​ယု​ဒ​ပြည် ၏​စိတ်​နေ​မြင့်​မှု​နှင့်​ယေ​ရု​ရှ​လင်​မြို့​၏ မာန်​မာ​န​ထောင်​လွှား​မှု​ကို​ချိုး​နှိမ်​မည်။-

10 ဤ​ဆိုး​ညစ်​သူ​တို့​သည်​ငါ့​စ​ကား​ကို နား​မ​ထောင်၊ ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက်၊ အ​ခြား​ဘု​ရား​တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​၍ အ​စေ​ခံ​လျက်​နေ​ကြ​လေ​ပြီ။ သို့​ဖြစ်​၍ ထို​သူ​တို့​သည်​အ​သုံး​မ​ဝင်​တော့​သည့် ခါး​ဝတ်​ကဲ့​သို့​ဖြစ်​ကြ​လိမ့်​မည်။-

11 ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည်​သား​အ​ပေါင်း တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​လာ​ကြ လျက် ငါ​၏​နာ​မ​တော်​ကို​ချီး​မွမ်း​ထော မ​နာ​ပြု​ကြ​စိမ့်​သော​ငှာ ငါ​သည်​သူ​တို့ အား​လူ​၏​ခါး​၌​တင်း​ကျပ်​စွာ​ကပ်​လျက် နေ​သည့်​ခါး​ဝတ်​ကဲ့​သို့ ငါ​နှင့်​နီး​နီး​ကပ် ကပ်​ရှိ​နေ​စေ​လို​သည်။ သို့​သော်​သူ​တို့ သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်​ကြ။

12 ဣ​သ​ရေ​လ​လူ​မျိုး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​ယေ​ရ​မိ၊ စ​ပျစ် ရည်​အိုး​မှန်​သ​မျှ​ကို​စ​ပျစ်​ရည်​ဖြည့်​ရ​ကြ မည်​ဟု ဣ​သ​ရေ​လ​ပြည်​သား​တို့​အား​ပြော ကြား​ရ​မည်။ သူ​တို့​က​စ​ပျစ်​ရည်​အိုး​ရှိ သ​မျှ​ကို​စ​ပျစ်​ရည်​ဖြည့်​ရ​မည်​ဖြစ်​ကြောင်း မိ​မိ​တို့​သိ​ပါ​သည်​ဟု​ပြန်​ပြော​ကြ​လိမ့် မည်။-

13 ထို​အ​ခါ​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ် အ​နွယ်​ဝင်​ဘု​ရင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား များ​မှ​စ​၍ ယေ​ရု​ရှ​လင်​မြို့​ရှိ​ပြည်​သူ ပြည်​သား​အ​ပေါင်း​မူး​ယစ်​စေ​ရန် စ​ပျစ် ရည်​တိုက်​မည်​ဟု​သူ​တို့​အား​ပြော​ကြား လော့။-

14 ထို​နောက်​ငါ​သည်​အိုး​များ​ကို​တစ်​ခု​နှင့် တစ်​ခု​ထိ​ခိုက်​၍​ကွဲ​စေ​သ​ကဲ့​သို့ သူ​တို့ အား​ကြီး​ငယ်​မ​ရွေး​ဖျက်​ဆီး​မည်။ အ​ဘယ် သ​နား​ကြင်​နာ၊ က​ရု​ဏာ​စိတ်​က​မျှ​ငါ့ ကို​သူ​တို့​အား​သတ်​ဖြတ်​မှု​မှ​ဆီး​တား လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

15 ဣ​သ​ရေ​လ​ပြည်​သား​တို့၊ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ရှိ​တော်​မူ​ပြီ။ စိတ်​နှိမ့်​ချ​လျက်​နား​ထောင်​ကြ​လော့။