5 ``ယေရုရှလင်မြို့သားတို့၊သင်တို့အား အဘယ်သူသနားမည်နည်း။သင်တို့အတွက်အဘယ်သူဝမ်းနည်း ပူဆွေးမည်နည်း။အဘယ်သူသည်လမ်းတွင်ရပ်လျက်သင်တို့၏ ကျန်းမာမှုကိုမေးမြန်းမည်နည်း။
6 သင်တို့သည်ငါ့အားပစ်ပယ်ကြလေပြီ။သင်တို့သည်ငါ့အားကျောခိုင်းကြလေပြီ။ငါသည်အမျက်ဒေါသချုပ်တည်းမှုကို ငြီးငွေ့ပြီဖြစ်သဖြင့်လက်တော်ကိုဆန့်၍သင်တို့အားဖျက်ဆီးလေပြီ'' ဟုထာဝရဘုရားမိန့်တော်မူ၏။
7 ``လေတွင်လွင့်ပါသွားသည့်ဖွဲကဲ့သို့သင်တို့ အားဤပြည်ရှိအမြို့မြို့တို့၌ကွဲလွင့်သွားစေလေပြီ။ငါ၏လူမျိုးတော်၊ သင်တို့သည်မိမိတို့၏ ဆိုးညစ်သည့် လမ်းစဉ်ကိုမစွန့်ကြသဖြင့်၊သင်တို့အားဝမ်းနည်းကြေကွဲစေ၍ ငါသုတ်သင်ပယ်ရှင်းခဲ့လေပြီ။
8 ငါသည်သင်တို့၏အမျိုးသမီးများအား မုဆိုးမဖြစ်လျက်အရေအတွက်အားဖြင့်ပင်လယ်ကမ်းခြေ သဲလုံးမကများလေပြီ။ငါသည်ငယ်ရွယ်သူတို့အားမွန်းတည့်ချိန်၌ သုတ်သင်ခြင်းဖြင့်သူတို့၏မိခင်များပူဆွေးရကြသည်။သူတို့သည်ရုတ်တရက်ထိတ်လန့်တုန်လှုပ်ကာ ပူပင်သောကရောက်ရကြလေပြီ။
9 သားသမီးခုနစ်ယောက်ဆုံးရှုံးရသည့်မိခင်သည် မေ့မြောသေဆုံးသွားလေပြီ။သူ၏နေ့အလင်းသည်မှောင်မိုက်သို့ပြောင်းလဲ လေပြီ။သူသည်အရှက်ရလျက်မှိုင်တွေကာနေရလေပြီ။သင်တို့အနက်အသက်မသေဘဲကျန်ရှိနေသေးသောသူတို့အားငါသည် ရန်သူများကိုအသတ်ခိုင်းမည်။ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။''
10 ငါသည်ပျော်ရွှင်မှုကင်းမဲ့သူဖြစ်ပါသည် တကား။ ငါ၏အမိသည်အဘယ်ကြောင့်ငါ့အား ဤလောကထဲသို့မွေးထုတ်ပါသနည်း။ ဤပြည် တွင်ရှိသမျှသောသူတို့နှင့်ငါသည်စကား များရငြင်းခုံရပါ၏။ ငါသည်သူတစ်ပါး တို့အားလည်းကောင်း၊ သူတစ်ပါးတို့ထံမှ လည်းကောင်းငွေကြေးမချေးငှားခဲ့။ သို့ ပါလျက်လူအပေါင်းတို့သည်ငါ့အား ကျိန်ဆဲကြပါ၏။-
11 ထာဝရဘုရားက``ငါသည်ကောင်းကျိုး ရစေအံ့ငှာသင့်ကိုကယ်ဆယ်မည်။ ဘေး အန္တရာယ်ပူပင်သောကရောက်သောအချိန် တွင် သင်၏ရန်သူတို့သည်အထံတော်သို့ လျှောက်လဲပန်ကြားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။-