ယေ​ရ​မိ 16:6-12 BCL

6 ဆင်း​ရဲ​ချမ်း​သာ​မရွေး​ပြည်​သူ​တို့​သည်​သေ ကြ​လိမ့်​မည်။ သို့​ရာ​တွင်​အ​ဘယ်​သူ​မျှ​သူ တို့​အား​သင်္ဂြိုဟ်​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့ အ​တွက်​လည်း​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်​မ​ဟုတ်။ ဝမ်း​နည်း​မှု​ကို​ပြ​သည့်​အ​နေ နှင့်​မည်​သူ​မျှ​မိ​မိ​ကိုယ်​ကို​အ​နာ​တ​ရ ဖြစ်​စေ​ခြင်း၊ ခေါင်း​ရိတ်​ခြင်း​ပြု​ကြ​မည် မ​ဟုတ်။-

7 ချစ်​မြတ်​နိုး​သူ​တစ်​စုံ​တစ်​ယောက်​သေ​ဆုံး​သည့် အ​တွက်​နှစ်​သိမ့်​မှု​ရ​ရှိ​စေ​ရန်​အ​ဘယ်​သူ​မျှ မ​သာ​ရှင်​နှင့်​အ​တူ​စား​သောက်​ကြ​လိမ့်​မည် မ​ဟုတ်။ မိ​ဘ​သေ​ဆုံး​သူ​များ​ပင်​လျှင်​အ​ဘယ် သူ​မျှ​က​ရု​ဏာ​သက်​မှု​ကို​ပြ​သ​ကြ​လိမ့် မည်​မ​ဟုတ်။''

8 ``သင်​သည်​သူ​တို့​စား​သောက်​ပွဲ​ကျင်း​ပ​နေ သည့်​အိမ်​သို့​မ​ဝင်​နှင့်။ ထို​သူ​တို့​နှင့်​အ​တူ ထိုင်​၍​မ​စား​မ​သောက်​နှင့်၊-

9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည့်​စ​ကား​ကို​နား​ထောင်​လော့။ ငါ​သည်​သူ တို့​၏​ဝမ်း​မြောက်​ရွှင်​လန်း​သံ​များ​နှင့်​မင်္ဂ​လာ ပွဲ​များ​၏​ပျော်​ရွှင်​သံ​များ​ကို ဤ​အ​ရပ်​တွင် ဆိတ်​သုဉ်း​စေ​မည်။ ဤ​အ​မှု​အ​ရာ​များ​ဖြစ် ပျက်​သည်​ကို​ဤ​အ​ရပ်​ရှိ​လူ​တို့​တွေ့​မြင် ရ​ကြ​လိမ့်​မည်။''

10 ``ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ပြည်​သူ​တို့​အား သင်​ပြော​ပြ​သော​အ​ခါ​သူ​တို့​က`ထာ​ဝ​ရ ဘု​ရား​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​တို့​အား ဤ​မျှ​ပြင်း​ထန်​စွာ​အ​ပြစ်​ဒဏ်​ခတ်​ရန်​ဆုံး ဖြတ်​တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​ရာ​ဇ​ဝတ်​မှု​ကို​ကူး​လွန်​မိ​ပါ​သ နည်း။ အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သခင်​ထာ​ဝ​ရ ဘု​ရား​အား အ​ဘယ်​သို့​ပြစ်​မှား​မိ​ပါ သ​နည်း' ဟု​သင့်​အား​မေး​မြန်း​ကြ​လိမ့်​မည်။-

11 ထို​အ​ခါ​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​က`သင် တို့​ဘိုး​ဘေး​များ​သည် ငါ့​ကို​စွန့်​ပစ်​၍​အ​ခြား ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ သူ တို့​သည်​ငါ့​ကို​စွန့်​ပစ်​ကာ​ငါ​၏​သြ​ဝါ​ဒ များ​ကို​မ​လိုက်​နာ​ကြ။-

12 သင်​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​ထက် ပင်​ဆိုး​ရွား​စွာ​ပြု​ကျင့်​ကြ​လေ​ပြီ။ သင်​တို့ အား​လုံး​သည်​ခေါင်း​မာ​ဆိုး​ညစ်​လျက် ငါ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ။-