19 ထာဝရဘုရားသည် ငါ့အား``ယေရမိ၊ ယုဒ ဘုရင်များထွက်ဝင်ရာ၊ ပြည်သူ့မြို့တံခါး သို့သွား၍ဗျာဒိတ်တော်ကိုကြေညာလော့။ ထိုနောက်ယေရုရှလင်မြို့ရှိအခြားမြို့ တံခါးများသို့သွားလော့။-
20 ယုဒဘုရင်များနှင့်ပြည်သားတို့အားလည်း ကောင်း၊ ထိုတံခါးများဖြင့်ထွက်ဝင်သွားလာ တတ်သူယေရုရှလင်မြို့သူမြို့သားအပေါင်း တို့အားလည်းကောင်းငါ၏အမိန့်တော်ကိုနား ထောင်ရန်မှာကြားလော့။-
21 ဤကားထာဝရဘုရားအမိန့်တော်ဖြစ်၏။ ဥပုသ်နေ့၌အဘယ်ဝန်ထုပ်ဝန်ပိုးကိုမျှမ သယ်မဆောင်ရကြ။ ယေရုရှလင်မြို့တံခါး များကိုဖြတ်၍၊-
22 မိမိတို့၏အိမ်များမှအဘယ်အရာကိုမျှ မသယ်မယူရကြ။ သူတို့သည်ဥပုသ်နေ့၌ အလုပ်မလုပ်ရကြ။ သူတို့၏ဘိုးဘေးများ အားငါပညတ်တော်မူခဲ့သည့်အတိုင်းထို နေ့ရက်ကိုနေ့ထူးနေ့မြတ်အဖြစ်စောင့်ထိန်း ကြရန်ပြောကြားလော့။-
23 သူတို့၏ဘိုးဘေးများသည်ငါ့စကားကို နားမထောင်မနာခံကြ။ သူတို့သည်ခေါင်းမာ လျက်ငါ၏စကားကိုနားမထောင်လိုကြ။ ငါဆုံးမသွန်သင်သည်ကိုလည်းမခံယူ လိုကြ။
24 ``ငါ၏အမိန့်အားလုံးကို နားထောင်ရကြ မည်ဖြစ်ကြောင်းထိုသူတို့အားပြောကြား လော့။ သူတို့ဥပုသ်နေ့၌ဤမြို့တံခါးများ ကိုဖြတ်၍ အဘယ်ဝန်ထုပ်ဝန်ပိုးကိုမျှ မသယ်မယူရကြ။ ဥပုသ်နေ့ကိုနေ့ထူး နေ့မြတ်အဖြစ်စောင့်ထိန်းကာအဘယ် အလုပ်ကိုမျှမလုပ်ကြလျှင်၊-
25 သူတို့၏ဘုရင်များနှင့်မင်းညီမင်းသားများ သည်ယေရုရှလင်မြို့ကိုမြို့တံခါးများဖြင့် ဝင်၍ ဒါဝိဒ်မင်းကဲ့သို့ရာဇတန်ခိုးအာဏာ ကိုရရှိကြလိမ့်မည်။ သူတို့သည်ယုဒပြည် သားများ၊ ယေရုရှလင်မြို့သားများနှင့် အတူ မြင်းရထားများနှင့်မြင်းများကို စီး၍သွားလာရကြလိမ့်မည်။ ယေရုရှလင် မြို့သည်လည်းအစဉ်အမြဲလူများနှင့် ပြည့်နှက်၍နေလိမ့်မည်။-