28 အိပ်မက်ကိုမြင်မက်သည့်ပရောဖက်သည် မိမိ မြင်မက်သည့်အရာမှာအိပ်မက်မျှသာဖြစ် ကြောင်းပြောကြားသင့်၏။ သို့ရာတွင်ငါ၏ ဗျာဒိတ်တော်ကိုကြားသည့်ပရောဖက်မူကား ထိုဗျာဒိတ်တော်ကိုသစ္စာနှင့်ပြန်ကြားရ၏။ ဂျုံ ဆန်နှင့်နှိုင်းစာသော်ကောက်ရိုးသည်အဘယ် မျှအသုံးဝင်သနည်း။-
29 ငါ၏ဗျာဒိတ်တော်သည်မီးနှင့်တူ၍ကျောက် ကိုထုခွဲနိုင်သည့်တူနှင့်တူ၏။-
30 မိမိတို့အချင်းချင်းပြောဆိုကြသည့်စကား များကို ငါ၏ဗျာဒိတ်တော်ကဲ့သို့ပြန်ကြားပြော ဆိုသည့်ပရောဖက်တို့ကိုငါဆန့်ကျင်ဘက်ပြု မည်။-
31 မိမိတို့၏စကားကိုငါ့စကားကဲ့သို့ပြော ဆိုသည့် ပရောဖက်တို့ကိုလည်းဆန့်ကျင်ဘက် ပြုမည်။-
32 ငါထာဝရဘုရားမိန့်တော်မူသည့်စကား ကိုနားထောင်ကြလော့။ မုသားအပြည့်ပါသည့် မိမိတို့၏အိပ်မက်များအကြောင်းကိုဟော ပြောကြသောပရောဖက်တို့ကိုငါဆန့်ကျင် ဘက်ပြုမည်။ သူတို့သည်ထိုအိပ်မက်များကို လိမ်လည်ကြွားဝါဟောပြောခြင်းအားဖြင့် ငါ ၏လူမျိုးတော်အားလမ်းလွဲစေကြ၏။ ငါ သည်သူတို့အားမစေလွှတ်ခဲ့။ သွားရန်လည်း အမိန့်မပေးခဲ့။ သို့ဖြစ်၍သူတို့သည်လူတို့ အတွက်အဘယ်သို့မျှအကျိုးမပြုကြ။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
33 ထာဝရဘုရားကငါ့အား``ယေရမိ၊ ငါ ၏လူမျိုးတော်အနက်မှတစ်စုံတစ်ယောက် သောသူကသော်လည်းကောင်း၊ ပရောဖက်သို့ မဟုတ် ယဇ်ပုရောဟိတ်ကသော်လည်းကောင်း သင့်အား`ထာဝရဘုရား၏ဗျာဒိတ်တော်ကား အဘယ်နည်း' ဟုမေးသောအခါ`ထာဝရ ဘုရားကငါသည်သင့်ကိုဖယ်ရှားတော် မူလိမ့်မည်' ဟုဖြေကြားလော့။-
34 အကယ်၍ပရောဖက်သို့မဟုတ် ယဇ်ပုရောဟိတ် တစ်စုံတစ်ယောက်ကသော်လည်းကောင်း၊ လူတစ်ဦး တစ်ယောက်ကသော်လည်းကောင်း`ထာဝရဘုရား ၏ဝန်ထုပ်ဝန်ပိုး' ဟူသောစကားကိုသုံးနှုန်း ပါမူ ငါသည်ထိုသူနှင့်သူ၏အိမ်ထောင်စု အားအပြစ်ဒဏ်ခတ်မည်။-