ယေ​ရ​မိ 25:1-5 BCL

1 ယော​ရှိ​၏​သား၊ ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ စ​တုတ္ထ​နှစ်​၌ ယေ​ရ​မိ​သည်​ယု​ဒ​ပြည်​သူ​အ ပေါင်း​တို့​နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ထံ တော်​မှ​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ​ရှိ​လေ​သည်။ (ထို​နှစ်​ကား​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ၏​နန်း​စံ​ပ​ထ​မ​နှစ်​ဖြစ်​လေ​သ​တည်း။)-

2 ပ​ရော​ဖက်​ယေ​ရ​မိ​က​ယု​ဒ​ပြည်​သား အ​ပေါင်း​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​အ​ပေါင်း​တို့​အား၊-

3 ``ထာ​ဝ​ရ​ဘု​ရား​သည်​အာ​မုန်​၏​သား​ယု​ဒ ဘု​ရင်​ယော​ရှိ​နန်း​စံ​တစ်​ဆယ့်​သုံး​နှစ်​မြောက် မှ​အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​နှစ်​ဆယ့်​သုံး နှစ်​ပတ်​လုံး​ငါ့​အား​ဗျာ​ဒိတ်​ပေး​လျက်​နေ တော်​မူ​ခဲ့​၏။ ငါ​သည်​လည်း​ကိုယ်​တော်​၏ ဗျာ​ဒိတ်​တော်​များ​ကို သင်​တို့​အား​ပြန်​ကြား ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ပ​မာ​ဏ​မ​ပြု ခဲ့​ကြ။-

4 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဖန်​တ​လဲ​လဲ မိ​မိ ၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​ကို​သင်​တို့​ထံ သို့​စေ​လွှတ်​တော်​မူ​ခဲ့​သော်​လည်း သင်​တို့ သည်​သူ​တို့​၏​စ​ကား​ကို​နား​မ​ထောင် ကြ။ ပ​မာ​ဏ​လည်း​မ​ပြု​လို​ကြ။-

5 သင်​တို့​သည်​မိ​မိ​တို့​နှင့်​ဘိုး​ဘေး​များ​အား အ​ပြီး​အ​ပိုင် ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော် မူ​ခဲ့​သည့်​ပြည်​တော်​တွင်​နေ​ထိုင်​ကြ​စေ​ရန် ထို​ပ​ရော​ဖက်​တို့​သည်​သင်​တို့​လိုက်​လျှောက် လျက်​ရှိ​သည့်​လမ်း​စဉ်​နှင့်​ပြု​ကျင့်​လျက်​ရှိ သည့်​မ​ကောင်း​မှု​တို့​ကို​ရှောင်​ကြဉ်​ရန်​ပြော ကြား​ခဲ့​ကြ​၏။-