ယေ​ရ​မိ 25:11-17 BCL

11 ဤ​ပြည်​တစ်​ခု​လုံး​သည်​ယို​ယွင်း​ပျက်​စီး​လျက် ကျန်​ရစ်​ကာ ရှု​မြင်​ရ​သူ​တို့​ထိတ်​လန့်​ဖွယ်​ရာ ဖြစ်​လိမ့်​မည်။ ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သည်​လည်း အ​နှစ်​ခု​နစ်​ဆယ်​တိုင်​တိုင်​ဗာ ဗု​လုန်​ဘုရင်​၏​အ​စေ​ကို​ခံ​ရ​ကြ​လိမ့်​မည်။-

12 ထို​နောက်​ငါ​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နှင့်​ပြည်​သူ တို့​အား မိ​မိ​တို့​ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် ဆုံး​မ​မည်။ သူ​တို့​၏​ပြည်​ကို​ဖျက်​ဆီး​ကာ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​စေ​မည်။-

13 ငါ​သည်​ထို​လူ​မျိုး​အား​ယ​ခင်​က​ခြိမ်း​ခြောက် ခဲ့​သည့်​အ​တိုင်း​လူ​မျိုး​တ​ကာ​တို့​အား ယေ ရ​မိ​ပြန်​ကြား​ခဲ့​သည့်​အ​ပြစ်​ဒဏ်​များ​ဖြင့် လည်း​ကောင်း၊ ဤ​စာ​စောင်​တွင်​ဖော်​ပြ​ပါ​ရှိ သည့်​အ​ပြစ်​ဒဏ်​များ​ဖြင့်​လည်း​ကောင်း ဆုံး​မ​မည်။-

14 များ​စွာ​သော​လူ​မျိုး​တို့​နှင့်​တန်​ခိုး​ကြီး​သည့် ဘု​ရင်​များ​ထံ​၌​ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။ ငါ သည်​လည်း​သူ​တို့​အား​မိ​မိ​တို့​ပြု​ခဲ့​သည့် အ​မှု​များ​၏ ဆိုး​ကျိုး​ကို​ခံ​စေ​မည်' '' ဟု မိန့်​တော်​မူ​၏။

15 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``သင်​သည်​ငါ​၏ အ​မျက်​တော်​နှင့်​ပြည့်​လျက်​ရှိ​သည့်​ဤ​စ​ပျစ် ရည်​ခွက်​ဖ​လား​ကို​ငါ့​ထံ​မှ​ယူ​၍ သင့်​အား ငါ​စေ​လွှတ်​တော်​မူ​သည့်​လူ​မျိုး​တ​ကာ​တို့ ကို​တိုက်​ခိုက်​လော့။-

16 ထို​အ​မျက်​တော်​ရည်​ကို​သောက်​ကြ​သော​အ​ခါ သူ​တို့​သည်​ငါ​စေ​လွှတ်​သည့်​စစ်​မက်​အန္တ​ရာယ် ကြောင့် မူး​ယစ်​ယိမ်း​ယိုင်​ကာ​ရူး​သွပ်​၍​သွား​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

17 သို့​ဖြစ်​၍​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လက် တော်​မှ​ခွက်​ဖ​လား​ကို​ယူ​၍ ငါ့​အား​ကိုယ် တော်​စေ​လွှတ်​တော်​မူ​သည့်​လူ​မျိုး​အ​ပေါင်း တို့​အား​အ​မျက်​တော်​ရည်​ကို​တိုက်​၏။-