18 ယုဒဘုရင်များ၊ ခေါင်းဆောင်များနှင့်တကွ ယေရုရှလင်မြို့နှင့်ယုဒမြို့ရှိသမျှတို့သည် ရှုမြင်ရသူတို့ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သဲကန္တာရဖြစ်လျက် ယင်းတို့၏အမည်နာမ သည်လည်းလူတို့ကျိန်ဆဲရာတွင်အသုံးပြု သည့်စကားအသုံးအနှုန်းဖြစ်လာစေရန် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ ယခုအခါထိုမြို့တို့သည်ယင်းအတိုင်း ပင်ဖြစ်ပျက်လျက်ရှိပေသည်။
19-26 စပျစ်ရည်ခွက်ဖလားမှအမျက်တော်ရည် ကိုသောက်ရကြသည့်အခြားသူများ၏ စာရင်းမှာ၊အီဂျစ်ဘုရင်မှူးမတ်များနှင့်ခေါင်းဆောင်များ၊အီဂျစ်အမျိုးသားများနှင့်အီဂျစ်ပြည်ရှိ လူမျိုးခြားရှိသမျှ၊ဥဇပြည်မင်းအပေါင်း၊ဖိလိတ္တိပြည်ရှိအာရှကေလုန်မြို့၊ဂါဇမြို့၊ဧကြုန်မြို့တို့မှဘုရင်အပေါင်းနှင့်အာဇုတ် မြို့သား အကြွင်းအကျန်ရှိသမျှ၊ဧဒုံပြည်၊မောဘပြည်နှင့်အမ္မုန်ပြည်သား အပေါင်း၊တုရုနှင့်ဇိဒုန်ဘုရင်အပေါင်း၊ပင်လယ်ရပ်ခြားမြေထဲပင်လယ်ဒေသတွင် အုပ်စိုးသည့်ဘုရင်အပေါင်း၊ဒေဒန်မြို့၊တေမမြို့နှင့်ဗုဇမြို့တို့မှ မြို့သူမြို့သားအပေါင်း၊နဖူးပေါ်မှဆံပင်တိုညှပ်သူမှန်သမျှ၊ အာရပ်ဘုရင်အပေါင်း၊သဲကန္တာရတွင်နေထိုင်သူလူမျိုးခြားတို့အား အစိုးရသည့်ဘုရင်အပေါင်း၊ဇိမရိပြည်၊ဧလံပြည်နှင့်မေဒိပြည်ဘုရင် အပေါင်းနှင့်မြောက်ဘက်ရှိရပ်နီးရပ်ဝေးမှဘုရင် အပေါင်းတို့ ဖြစ်ကြ၏။ကမ္ဘာပေါ်တွင်ရှိသမျှသောလူမျိုးတို့သည် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ နောက်ဆုံးသောက်ရမည့်သူမှာဗာဗုလုန် ဘုရင်ဖြစ်ပေသည်။
27 ထိုနောက်ထာဝရဘုရားက ငါ့အား``ဣသရေလ အမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုး ရှင်ထာဝရဘုရားသည်ထိုသူတို့အားမူး ယစ်အော့အန်သည့်တိုင်အောင်၊ သူတို့ထံသို့ငါ စေလွှတ်သည့်စစ်မက်အန္တရာယ်ကြောင့်ပြိုလဲ၍ မထနိုင်သည့်တိုင်အောင်အမျက်တော်ရည် ကိုသောက်ကြရန်မိန့်တော်မူကြောင်းဆင့် ဆိုလော့။-
28 အကယ်၍သူတို့သည်သင်၏လက်မှခွက် ဖလားကိုယူ၍သောက်ရန်ငြင်းဆန်နေကြ ပါမူ အနန္တတန်ခိုးရှင်ထာဝရဘုရားက သူတို့အားအသောက်ခိုင်းတော်မူကြောင်း ပြောကြားလော့။-
29 ငါသည်ဖျက်ဆီးရန်လုပ်ငန်းကိုငါ၏နာမ တော်ကိုဆောင်သောမြို့တော်မှအစပြုမည်။ ထိုမြို့သားတို့သည်အပြစ်ဒဏ်ခံရကြ တော့မည်မဟုတ်ဟုထင်မှတ်ကြသလော။ ငါသည်ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့ ထံသို့စစ်မက်အန္တရာယ်ကိုစေလွှတ်မည် ဖြစ်၍ သူတို့သည်အမှန်ပင်အပြစ်ဒဏ်ခံ ရကြလိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
30 ``အသင်ယေရမိ၊ သင်သည်ငါ၏ဗျာဒိတ်တော် မှန်သမျှကို ဤသူတို့အားပြောကြားကြေ ညာရမည်မှာ၊`ထာဝရဘုရားသည်သန့်ရှင်းတော်မူသော အိမ်တော်မှ နေ၍မိုးချုန်းသံပြုတော်မူလိမ့်မည်။အထက်ဘဝဂ်မှနေ၍မြည်ဟိန်းသံပြုတော် မူလိမ့်မည်။ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ဟိန်းဟောက်တော်မူလိမ့်မည်။ကိုယ်တော်သည်စပျစ်သီးနယ်သောသူကဲ့သို့ အော်ဟစ်တော်မူလိမ့်မည်။ကမ္ဘာပေါ်ရှိလူအပေါင်းတို့ကိုလည်းအော်ဟစ် လိမ့်မည်။
31 ထာဝရဘုရားသည်လူမျိုးတကာတို့အား စွဲချက်တင်တော်မူမည်။ကိုယ်တော်၏အသံတော်သည်ကမ္ဘာမြေကြီးစွန်း တိုင်အောင်ပဲ့တင်ထပ်၍သွားလိမ့်မည်။ကိုယ်တော်သည်လူအပေါင်းတို့အားစစ်ဆေး စီရင်တော်မူ၍သူယုတ်မာတို့အားကွပ်မျက်တော်မူလိမ့်မည်။ဤကားထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏' ဟုပြောကြားလော့'' ဟူ၍ဖြစ်၏။