ယေ​ရ​မိ 25:27-33 BCL

27 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​အား​မူး ယစ်​အော့​အန်​သည့်​တိုင်​အောင်၊ သူ​တို့​ထံ​သို့​ငါ စေ​လွှတ်​သည့်​စစ်​မက်​အန္တ​ရာယ်​ကြောင့်​ပြို​လဲ​၍ မ​ထ​နိုင်​သည့်​တိုင်​အောင်​အ​မျက်​တော်​ရည် ကို​သောက်​ကြ​ရန်​မိန့်​တော်​မူ​ကြောင်း​ဆင့် ဆို​လော့။-

28 အ​ကယ်​၍​သူ​တို့​သည်​သင်​၏​လက်​မှ​ခွက် ဖ​လား​ကို​ယူ​၍​သောက်​ရန်​ငြင်း​ဆန်​နေ​ကြ ပါ​မူ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က သူ​တို့​အား​အ​သောက်​ခိုင်း​တော်​မူ​ကြောင်း ပြော​ကြား​လော့။-

29 ငါ​သည်​ဖျက်​ဆီး​ရန်​လုပ်​ငန်း​ကို​ငါ​၏​နာ​မ တော်​ကို​ဆောင်​သော​မြို့​တော်​မှ​အ​စ​ပြု​မည်။ ထို​မြို့​သား​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ တော့​မည်​မ​ဟုတ်​ဟု​ထင်​မှတ်​ကြ​သ​လော။ ငါ​သည်​ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့ ထံ​သို့​စစ်​မက်​အန္တ​ရာယ်​ကို​စေ​လွှတ်​မည် ဖြစ်​၍ သူ​တို့​သည်​အ​မှန်​ပင်​အ​ပြစ်​ဒဏ်​ခံ ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

30 ``အ​သင်​ယေ​ရ​မိ၊ သင်​သည်​ငါ​၏​ဗျာ​ဒိတ်​တော် မှန်​သ​မျှ​ကို ဤ​သူ​တို့​အား​ပြော​ကြား​ကြေ ညာ​ရ​မည်​မှာ၊`ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​တော်​မူ​သော အိမ်​တော်​မှ နေ​၍​မိုး​ချုန်း​သံ​ပြု​တော်​မူ​လိမ့်​မည်။အ​ထက်​ဘဝဂ်​မှ​နေ​၍​မြည်​ဟိန်း​သံ​ပြု​တော် မူ​လိမ့်​မည်။ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ဟိန်း​ဟောက်​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​သည်​စ​ပျစ်​သီး​နယ်​သော​သူ​ကဲ့​သို့ အော်​ဟစ်​တော်​မူ​လိမ့်​မည်။ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​ကို​လည်း​အော်​ဟစ် လိမ့်​မည်။

31 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​အား စွဲ​ချက်​တင်​တော်​မူ​မည်။ကိုယ်​တော်​၏​အ​သံ​တော်​သည်​ကမ္ဘာ​မြေ​ကြီး​စွန်း တိုင်​အောင်​ပဲ့​တင်​ထပ်​၍​သွား​လိမ့်​မည်။ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​စစ်​ဆေး စီ​ရင်​တော်​မူ​၍သူ​ယုတ်​မာ​တို့​အား​ကွပ်​မျက်​တော်​မူ​လိမ့်​မည်။ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏' ဟု​ပြော​ကြား​လော့'' ဟူ​၍​ဖြစ်​၏။

32 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဘေး အန္တ​ရာယ်​ဆိုး​သည် တစ်​နိုင်​ငံ​ပြီး​တစ်​နိုင်​ငံ သို့​ကူး​စက်​၍​လာ​လိမ့်​မည်။ လေ​မုန်​တိုင်း​ကြီး သည်​ကမ္ဘာ​မြေ​ကြီး​စွန်း​မှ​တိုက်​ခတ်​လာ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။-

33 ထို​နေ့​ရက်​ကျ​ရောက်​လာ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​ကွပ်​မျက်​တော်​မူ​သော​သူ​တို့​၏​အ​လောင်း များ​သည် ကမ္ဘာ​မြေ​ပြင်​တစ်​လျှောက်​လုံး​တွင်​ပျံ့​နှံ့ လျက်​နေ​လိမ့်​မည်။ သူ​တို့​အ​တွက်​အ​ဘယ်​သူ​မျှ ဝမ်း​နည်း​ပူ​ဆွေး​မှု​ပြု​လိမ့်​မည်​မ​ဟုတ်။ အ​လောင်း များ​ကို​လည်း​ယူ​၍​သင်္ဂြိုဟ်​ကြ​လိမ့်​မည်​မ​ဟုတ်။ ယင်း​တို့​သည်​နောက်​ချေး​ပုံ​များ​ကဲ့​သို့​မြေ ပေါ်​တွင်​ရှိ​နေ​လိမ့်​မည်။