ယေ​ရ​မိ 25:30-36-37 BCL

30 ``အ​သင်​ယေ​ရ​မိ၊ သင်​သည်​ငါ​၏​ဗျာ​ဒိတ်​တော် မှန်​သ​မျှ​ကို ဤ​သူ​တို့​အား​ပြော​ကြား​ကြေ ညာ​ရ​မည်​မှာ၊`ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​တော်​မူ​သော အိမ်​တော်​မှ နေ​၍​မိုး​ချုန်း​သံ​ပြု​တော်​မူ​လိမ့်​မည်။အ​ထက်​ဘဝဂ်​မှ​နေ​၍​မြည်​ဟိန်း​သံ​ပြု​တော် မူ​လိမ့်​မည်။ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ဟိန်း​ဟောက်​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​သည်​စ​ပျစ်​သီး​နယ်​သော​သူ​ကဲ့​သို့ အော်​ဟစ်​တော်​မူ​လိမ့်​မည်။ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​ကို​လည်း​အော်​ဟစ် လိမ့်​မည်။

31 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​အား စွဲ​ချက်​တင်​တော်​မူ​မည်။ကိုယ်​တော်​၏​အ​သံ​တော်​သည်​ကမ္ဘာ​မြေ​ကြီး​စွန်း တိုင်​အောင်​ပဲ့​တင်​ထပ်​၍​သွား​လိမ့်​မည်။ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​စစ်​ဆေး စီ​ရင်​တော်​မူ​၍သူ​ယုတ်​မာ​တို့​အား​ကွပ်​မျက်​တော်​မူ​လိမ့်​မည်။ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏' ဟု​ပြော​ကြား​လော့'' ဟူ​၍​ဖြစ်​၏။

32 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဘေး အန္တ​ရာယ်​ဆိုး​သည် တစ်​နိုင်​ငံ​ပြီး​တစ်​နိုင်​ငံ သို့​ကူး​စက်​၍​လာ​လိမ့်​မည်။ လေ​မုန်​တိုင်း​ကြီး သည်​ကမ္ဘာ​မြေ​ကြီး​စွန်း​မှ​တိုက်​ခတ်​လာ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။-

33 ထို​နေ့​ရက်​ကျ​ရောက်​လာ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​ကွပ်​မျက်​တော်​မူ​သော​သူ​တို့​၏​အ​လောင်း များ​သည် ကမ္ဘာ​မြေ​ပြင်​တစ်​လျှောက်​လုံး​တွင်​ပျံ့​နှံ့ လျက်​နေ​လိမ့်​မည်။ သူ​တို့​အ​တွက်​အ​ဘယ်​သူ​မျှ ဝမ်း​နည်း​ပူ​ဆွေး​မှု​ပြု​လိမ့်​မည်​မ​ဟုတ်။ အ​လောင်း များ​ကို​လည်း​ယူ​၍​သင်္ဂြိုဟ်​ကြ​လိမ့်​မည်​မ​ဟုတ်။ ယင်း​တို့​သည်​နောက်​ချေး​ပုံ​များ​ကဲ့​သို့​မြေ ပေါ်​တွင်​ရှိ​နေ​လိမ့်​မည်။

34 အ​သင်​ခေါင်း​ဆောင်​တို့၊ အော်​ဟစ်​ငို​ယို​ကြ​လော့။ ငါ​၏​လူ​မျိုး​တော်​ကို​ထိန်း​သော​သိုး​ထိန်း​တို့၊ ကျယ်​စွာ​အော်​ဟစ်​ကြ​လော့။ ဝမ်း​နည်း​ပူ​ဆွေး လျက်​မြေ​မှုန့်​တွင်​လူး​လှိမ့်​ကြ​လော့။ အ​သတ် ခံ​ရ​ကြ​မည့်​အ​ချိန်​ကျ​ရောက်​လာ​ပြီ​ဖြစ်​၍ သင်​တို့​သည်​သိုး​ထီး​များ​ကဲ့​သို့​အ​သတ်​ခံ ရ​ကြ​လိမ့်​မည်။-

35 သင်​တို့​အ​ဖို့​ချမ်း​သာ​ရ​ရန်​လမ်း​ရှိ​လိမ့်​မည် မ​ဟုတ်။

36-37 သင်​တို့​သည်​ညည်း​တွား​အော်​ဟစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​၏​နိုင်​ငံ​များ​ကို အ​မျက်​တော် ဖြင့်​ဖျက်​ဆီး​ကာ​သူ​တို့​၏​ငြိမ်း​ချမ်း​သာ ယာ​သည့်​ပြည်​ကို​ယို​ယွင်း​ပျက်​စီး​လျက် နေ​စေ​တော်​မူ​လေ​ပြီ။