10 ယုဒခေါင်းဆောင်များသည် ထိုအဖြစ်အပျက် အကြောင်းကိုကြားသိကြသောအခါ ဘုရင် နန်းတော်မှလာ၍ဗိမာန်တော်တံခါးသစ် အဝင်ဝ၌နေရာယူကြ၏။-
11 ထိုနောက်ယဇ်ပုရောဟိတ်များနှင့်ပရောဖက် တို့ကခေါင်းဆောင်များနှင့်ပြည်သူတို့အား``ဤ သူသည်ငါတို့၏မြို့ကိုဆန့်ကျင်ပြောဆိုသဖြင့် သေဒဏ်ခံထိုက်ပေသည်။ သူပြောဆိုသည့်စကား ကိုသင်တို့ကိုယ်တိုင်ကြားကြ၏'' ဟုဆို၏။
12 ထိုအခါငါသည်ခေါင်းဆောင်များနှင့် ပြည်သူ တို့အား``ဤဗိမာန်တော်နှင့်ဤမြို့ကိုဆန့်ကျင် ၍ ငါပြောဆိုသည်ကိုသင်တို့ကြားရကြ၏။ ထိုစကားတို့သည်ငါ့အား၊ ထာဝရဘုရား စေလွှတ်ပြန်ကြားစေတော်မူသည့်စကား များဖြစ်၏။-
13 သင်တို့သည်မိမိတို့နေထိုင်ပြုကျင့်ပုံကို ပြောင်းလဲကာ သင်တို့ဘုရားသခင်ထာဝရ ဘုရား၏စကားကိုနားထောင်ရကြမည်။ ထို အခါကိုယ်တော်သည်သင်တို့အားဖျက်ဆီး တော်မူမည်ဟု ယခင်မိန့်ကြားခဲ့သော်လည်း မိမိ၏စိတ်တော်ကိုပြောင်းလဲစေတော်မူ လိမ့်မည်။-
14 ငါမူကားသင်တို့၏လက်တွင်း၌ရှိ၏။ သင်တို့ ၏စိတ်တွင်မှန်သည်၊ တရားသည်ဟုထင်မှတ် သည့်အတိုင်းငါ့အားပြုလော့။-
15 သို့ရာတွင်အကယ်၍ငါ့အားသတ်မည်ဆို လျှင် သင်တို့နှင့်ဤမြို့သူမြို့သားအပေါင်း တို့သည် အပြစ်မဲ့သူတစ်ဦးကိုသတ်သည့် အတွက်အပြစ်သင့်ကြလိမ့်မည်ဖြစ်ကြောင်း အသေအချာသိမှတ်ကြလော့။ အဘယ် ကြောင့်ဆိုသော်ငါ့ကိုစေလွှတ်၍ သင်တို့အား ဤစကားများကိုပြောဆိုစေသောအရှင် မှာထာဝရဘုရားပင်ဖြစ်သောကြောင့် တည်း'' ဟုဆို၏။
16 ထိုအခါခေါင်းဆောင်များနှင့်ပြည်သူတို့က ယဇ်ပုရောဟိတ်များနှင့်ပရောဖက်တို့အား``ဤ သူသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏နာမတော်ကိုအမှီပြု၍ ငါတို့အားဟော ပြောသဖြင့်သူ့အားသေဒဏ်မပေးသင့်'' ဟုပြောဆိုကြ၏။